MNP ၊ ဇူလိုင် ၃
ပဲခူးတိုင်းဒေသကြီး၊မိုးညိုမြို့နယ်၊ထွဋ်မြတ်စံပြကျေးရွာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ရေဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။
ဟောပြောပွဲအခမ်းအနားတွင် သာယာဝတီခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဉက္ကဌ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းကအဖွင့်အမှာစကားပြောကြားသည်။ထို့နောက် သာယာဝတီခရိုင်၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းဝင်းမာက ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက် များအား ရှင်းလင်းပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးကျော်ကျော်နိုင်က ကျန်းမာရေးနှင့်ပတ်သက်၍ လိုက်နာရမည့် အချက်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရေဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းအား ဆောင်ရွက်ခဲ့ရာ သဘာဝဘေးကြုံတွေ့လာပါက သတင်းပို့ခြင်း၊သတိပေးကြေညာခြင်း၊ရေဘေးသင့်ပြည်သူများအားကယ်ဆယ်ခြင်း၊ဆေးကုသမှုှုဆောင်ရွက်ပေးခြင်း၊ရေနစ်သူအားကယ်ဆယ်၍ ရှေးသူနာပြုစုခြင်းများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့တို့မှဦးဆောင်၍ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
အဆိုပါရေဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို သာယာဝတီခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ကျေးရွာနေပြည်သူများမှ တက်ရောက်ကြည့်ရှုခဲ့ကြသည်။
သတင်း - ကိုမင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment