မြန်မာနိုင်ငံကို အစ္စလာမ်းမစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ ကိုယ်စား ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ခိုးဝင်ဘင်္ဂလီအရေးကိစ္စနဲ့ ပတ်သက်လို့ တရားစွဲဆိုခဲ့ပါတယ်။ သူတို့ရဲ့ အသုံးအနှုန်းကတော့ လူမျိုးလိမ်အသုံးအနှုန်းနဲ့ သုံးစွဲပါလိမ့်မယ်။ ကျွန်တော်ကတော့ သူတို့ရဲ့ မူလအမည်ရင်းဖြစ်တဲ့ ဘင်္ဂလီလို့ပဲ သုံးစွဲခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲနဲ့အတူ ခိုးဝင်ဘင်္ဂလီတွေရဲ့ လူမျိုးလိမ်ဖန်တီးမှုပြဿနာကလည်း ဒွန်တွဲပါလာခဲ့ပါတယ်။ ခိုးဝင်ဘင်္ဂလီကို အကြောင်းပြုပြီး နိုင်ငံရေးလုပ်စားသူ၊ မီဒီယာအမည်ခံ လူမျိုးလိမ်လော်ဘီတွေလည်း အလုပ်ရခဲ့ကြပါတယ်။ အစိုးရအနေနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးက တစ်ဖက်၊ ခိုးဝင်ဘင်္ဂလီတွေရဲ့ လူမျိုးလိမ်၊ လူမျိုးတု ဖန်တီးမှုပြဿနာကို ဖြေရှင်းရတာတစ်ဖက် ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ကျယ်ကျယ်လောင်လောင်ဖြစ်အောင် ဖန်တီးလာနေတဲ့ ပြဿနာဖြစ်ပါတယ်။
ဒီလူမျိုးလိမ်ဖန်တီးသူ ခိုးဝင်ဘင်္ဂလီတွေနဲ့ လူမျိုးလိမ်ကို အကြောင်းပြုပြီး လုပ်စားတဲ့ နိုင်ငံရေးသမား၊ သတင်းမီဒီယာတွေအနေနဲ့ ယခင် NLD အစိုးရလက်ထက်မှာတော့ အနည်းနည်း အခွင့်အရေးရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲဆိုခဲ့တာလည်း မဲသူခိုးအစိုးရ NLD လက်ထက်မှာ စတင်လာခဲ့တဲ့ ပြဿနာဖြစ်ပါတယ်။ NLD အစိုးရလက်ထက်မှာတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုသူ က သွားရောက်ဖြေရှင်းခဲ့ပြီး လူမျိုးလိမ် (လူမျိုးတု) အသုံးအနှုန်းနဲ့ ပတ်သက်လို့ ကန့်ကွက်ခဲ့တာ မရှိပါဘူး။ သူမအတွက် နိုင်ငံရေးအမြတ်ထွက်မယ့် စကားတွေပဲ ပြောဆိုခဲ့ပါတယ်။
မဲလိမ်မဲခိုးမှုတွေကြောင့် NLD ပါတီအာဏာလက်မဲ့ ဖြစ်သွားချိန်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) က ဒီကိစ္စကို ဆက်လက်ဖြေရှင်းဆောင်ရွက်ရပါတယ်။ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုတဲ့ အမှုနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းပြီး ရင်ဆိုင်ဖြေရှင်းခဲ့ပါတယ်။ ဦးကိုကိုလှိုင်၊ ဒေါက်တာသီတာဦးတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ စတင်ဖြေရှင်းဆောင်ရွက်တဲ့ အခါကြမှ ဒီအမှုအပေါ်မှာ ICJ တရားရုံးအနေနဲ့ တရားစီရင်ခွင့်မရှိကြောင်း၊ ဂမ်ဘီယာနိုင်ငံအနေနဲ့လည်း တရားစွဲဆိုခွင့် မရှိကြောင်း ကနဦးကန့်ကွက်လွှာကို စတင်ကြားနာခဲ့ရပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ မြန်မာနိုင်ငံရဲ့ ကနဦးကန့်ကွက်လွှာနဲ့ ပတ်သက်လို့ ကြားနာပွဲမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ရဲ့ မိန့်ခွန်းဟာဆိုရင်လည်း တိုင်းပြည်နဲ့ လူမျိုးအတွက် တကယ့်ကို အချက်အလက်ခိုင်မာစွာနဲ့ ပြောဆိုခဲ့ခြင်းဖြစ်လို့ ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုတဲ့အမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဘက်က (၁) ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ်းမစ် ပူပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အတွက် အမည်ခံ၍ တရားစွဲဆိုခဲ့ခြင်း၊ ဂမ်ဘီယာနိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်၏ အပိုဒ် ၉ အရ နစ်နာသည့်နိုင်ငံ မဟုတ်သည့်အတွက် တရားစွဲဆိုနိုင်သည့်အနေအထား မရှိခြင်း၊ မြန်မာနိုင်ငံက စာချုပ်၏ အပိုဒ်(၈) ကို ခြွင်းချက်ပြုထားခြင်းကြောင့် ဂမ်ဘီယာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် တရားစွဲဆိုမှုမပြုနိုင်ခြင်း၊ မြန်မာနိုင်ငံနှင့် ဂမ်ဘီယာနိုင်ငံအကြားတွင် အငြင်းပွားမှုတစ်စုံတစ်ရာမရှိသည့်အတွက် ၎င်း၏ လျှောက်ထားချက်ကို အပြည်ပြည်ဆိုင်ရာ တရားရုံးအနေဖြင့် လက်မခံသင့်ကြောင်း အချက်(၄)ချက်နဲ့ ကန့်ကွက်ခဲ့ခြင်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံအပေါ် တရားစွဲဆိုမှုနဲ့ ပတ်သက်လို့ ၂၁-၄-၂၀၂၂ ရက်နေ့က ICJ တရားရုံးက အမိန့်ချမှတ်ရာမှ မြန်မာနိုင်ငံက တင်သွင်းတဲ့ ကနဦးကန့်ကွက်လွှာကို ပယ်ချပြီး အပြည်ပြည်ဆိုင်ရာတရားရုံးက တရားစီရင်ခွင့်ရှိကြောင်း၊ ဂမ်ဘီယာအနေနဲ့ တရားစွဲဆိုခွင့်ရှိကြောင်း ဆုံးဖြတ်ခဲ့တာကို တွေ့လိုက်ရပါတယ်။ ဒီလို ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ တရားသူကြီးများထဲက တရားသူကြီးတစ်ဦးက ကန့်ကွက်ခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်နေတဲ့ NLD အစွန်းရောက် အကြမ်းဖက်တွေဘက်က ဘယ်လိုတွေ လှုံ့ဆော်ရေးသားနေကြသလဲဆိုရင် ချက်ချင်းပဲ မြန်မာနိုင်ငံကို အပြစ်ပေးအရေးယူတော့မှာလိုလို၊ ကာချုပ်ကြီးကိုပဲ ချက်ချင်းလက်ငင်း လာဖမ်းတော့မှာလိုလို စဉ်းစားဆင်ခြင်ဉာဏ်မရှိဘဲ ရေးသားဖြန့်ဝေမှုတွေနဲ့ ပြည်သူကို မှိုင်းတိုက်လာတာတွေ တွေ့ရပါတယ်။
ဒီလိုရေးသားဖြန့်ဝေနေမှုတွေအပေါ် စိုးရိမ်မိတဲ့ ညီငယ်တစ်ဦးက ICJ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ စိုးရိမ်မိကြောင်းနဲ့ NLD အစွန်းရောက် အကြမ်းဖက်တွေက အထက်ဖော်ပြပါအတိုင်း ရေးသားပြောဆိုနေကြောင်းဖြင့် ဖုန်းဆက်မေးမြန်းလာပါတယ်။ ဒါနဲ့ပတ်သက်လို့ မိမိသိထားသလောက် ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံရဲ့ ကနဦးကန့်ကွက်လာကို ပယ်ချတဲ့ သဘောသာ ဖြစ်ကြောင်း၊ အရေးယူဆောင်ရွက်နိုင်လောက်တဲ့ ဆုံးဖြတ်ချက်မဟုတ်ကြောင်း ရှင်းပြခဲ့ပါတယ်။
ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မှန်ကန်မျှတတဲ့ ရပ်တည်ချက် ရှိတဲ့ တရားသူကြီးကတော့ တရုတ်ပြည်က တရားသူကြီးတစ်ဦးပဲ ရှိနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ICJ တရားရုံးက မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုနဲ့ ပတ်သက်လို့ တရားရုံးက စီရင်ခွင့်ရှိကြောင်း၊ ဂမ်ဘီယာက တရားစွဲဆိုခွင့် ရှိကြောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ကန့်ကွက်ခဲ့သူတစ်ဦးပါ။ သို့ပေသော် ဒီနိုင်ငံတကာ တရားရုံးမှာ အနောက်အုပ်စုနဲ့ အစ္စလာမ်းမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ သြဇာခံ တရားသူကြီးတွေက များပြားနေတဲ့အတွက် ဒီလိုဆုံးဖြတ်ချက်မျိုး ထွက်ပေါ်လာခြင်းဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ လွတ်လပ်တဲ့ တရားစီရင်ရေးမဟုတ်ဘူး။ မှန်ကန်စွာ ရပ်တည်တဲ့ တရားစီရင်ရေးမဟုတ်ဘူး။ တရားသူကြီးအမည်ခံပြီး နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အစိုးရတွေရဲ့ သြဇာခံ ပုဂ္ဂိုလ်တွေဖြစ်နေခြင်းကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းအပေါ် စိုးရိမ်ပူပန်မနေကြဘဲနဲ့ အခုလို ဆုံးဖြတ်ခြင်းအပေါ် တိုင်းချစ် ပြည်ချစ်စိတ်ရှိကြတဲ့ မြန်မာနိုင်ငံသားတိုင်းသားများက ICJ ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ပြတ်ပြတ်သားသား ကန့်ကွက်မှုတွေ လုပ်ဆောင်ကြပါလို့ပဲ တိုက်တွန်းချင်ပါတယ်။
ICJ ဆုံးဖြတ်ချက်ဟာ နီပိန်း အကြမ်းဖက်သမားတွေ တိုင်းဖျက်ပြည်ဖျက် လုပ်နေသူတွေ အတွက် ဝမ်းမြောက်ဖွယ်ရာ ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ ခွေးဝမ်းသာအောင် လေလည်ပြလိုက်တဲ့ သဘောမျိုး သက်ရောက်ပါတယ်။ သို့ပေသော် တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိပါးလာရင် တပ်မတော်နဲ့လက်တွဲပြီး ရပ်တည်မယ့် ပြည်သူတွေလည်း ရှိတယ်။ ပြည်သူအားလုံးဟာ နီပိန်းတွေလို တိုင်းဖျက်ပြည်ဖျက်တွေချည်း မဟုတ်ကြပါဘူး။ နီပိန်းတွေသာ ကိုယ်ကျိုးရှာနိုင်ငံရေးသမားများရဲ့ မှိုင်းမိပြီး တပ်မတော်အပေါ် အမုန်းပွား၊ ကိုယ့်ပြည်ကို ချောက်ထဲတွန်းချနေတဲ့ လုပ်ရပ်ကို အဟုတ်ကြီးထင်၊ တိုင်းပြည် ဒုက္ခရောက်မှာကို ဝမ်းမြောက်နေကြတဲ့ လူ့အောက်တန်းစား (လူ့ငနွား)တွေ ဖြစ်နေကြတာပါ။
ထပ်ပြီးတော့ ပြောလိုက်ပါအုံးမယ်။ တိုင်းပြည်ဟာ နီပိန်းတွေ နှောက်လို့ အခုလိုအခြေအနေမျိုးအထိ အတိဒုက္ခရောက်နေရတာဖြစ်ပါတယ်။ နီပိန်းတွေမှာ ခေါင်းမရှိတော့ဘူး။ တိုင်းပြည်ဒုက္ခရောက်လေ သူတို့ပျော်လေ ဖြစ်နေတယ်။ နီပိန်းတွေမှာ ဒီလို အတွေးအခေါ်မဲ့ တိုင်းဖျက်ပြည်ဖျက်စိတ်ဓာတ်တွေ ဘာကြောင့် ကိန်းအောင်ကုန်ရသလဲလို့ မေးရင် အမျိုးဖျက်မကြီးကို ထောက်ခံအားပေးပြီး တိုင်းဖျက်ပြည်ဖျက်အတွေးကလွဲပြီး သူတို့ခေါင်းထဲမှာ ဘာမှ မရှိကြတော့လို့ပဲ ဖြစ်ပါတယ်။
ICJ မှာ မြန်မာနိုင်ငံအပေါ် အစ္စလာမ်းမစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ ကိုယ်စား ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုတာနဲ့ ပတ်သက်လို့ မြန်မာနိုင်မယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရားစွဲဆိုခံခဲ့ရတဲ့ ကာလဟာ ပြည်ဖျက်အစိုးရ အုပ်ချုပ်နေတဲ့ ကာလမှာ တရားစွဲဆိုခံခဲ့ရခြင်းဖြစ်ပါတယ်။ အခု ဒီအမှုနဲ့ ပတ်သက်ပြီး ရင်ဆိုင်ဖြေရှင်းနေကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ ဖောက်လွဲဖောက်ပြန်မရှိတဲ့ ရပ်တည်ချက်ကြောင့် မြန်မာနိုင်မယ့် အမှုဖြစ်ပါတယ်။ ဒါက စာရေးသူရဲ့ ယုံကြည်ချက်ဖြစ်ပါတယ်။ ICJ တရားရုံးက တရားသူကြီးများဟာ အစ္စလာမ်းမစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နဲ့ အနောက်အုပ်စုရဲ့ အလိုကျ ဖော်ဆောင်ပြီး မြန်မာနိုင်ငံအပေါ် တရားမဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်လာမယ်ဆိုရင်လည်း သူတို့ရဲ့ ယုတ်မာကောက်ကျစ်မှုဟာ သရုပ်မှန်ပေါ်လာမှာ ဖြစ်ပြီး လူတွေအနေနဲ့ တုန့်ပြန်နိုင်ခြင်း မရှိခဲ့ရင်တောင် လောကသဘောက မတရားမှုတွေကို ခွင့်မပြုပါဘူး။ ကမ္ဘာလောကကြီးမှာ နိုင်ငံအချင်းချင်း နိုင်လိုမင်းထက် တရားမဲ့ ပြုကျင့်စော်ကားလိုမှုတွေကြောင့် ကမ္ဘာလောက တစ်ခုလုံးမှာ ဘေးဆိုးကပ်ဆိုး အမျိုးမျိုး ကြုံတွေ့နေရတဲ့ အခြေအနေကို တွက်ဆကြည့်ရင် အနာဂတ်မှာလည်း တရားမဲ့ ပြုကျင့်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေကြသူတွေဟာ လောကသဘောအရ တရားစီရင်ခြင်းကို ခံကြရအုံးမှာပဲ ဖြစ်ပါတယ်။
ICJတရားရုံးရဲ့ တရားမဲ့ ပြုမူဆောင်ရွက်ချက်အပေါ်မှာလည်း မစိုးရိမ်နဲ့ နီပိန်းဂျင်းတွေကိုလည်း မယုံစားလိုက်ကြပါနဲ့။ တိုင်းဖျက် ပြည်ဖျက် မိစ္ဆာဝါဒီတွေရဲ့ ကျဆုံးခန်းကို ရောက်နေပါပြီ။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost

No comments:
Post a Comment