ရသေ့တောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile library စနစ်ဖြင့် စာအုပ်များအခမဲ့ငှားရမ်းခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile library စနစ်ဖြင့် စာအုပ်များအခမဲ့ငှားရမ်းခြင်းများ ဆောင်ရွက်


MNP ၊ ဇူလိုင် ၁၉

ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးနှင့်ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် စာရင်းစစ်ရုံးဘေးရှိ လက္ဖရည်ဆိုင်၌ စာရင်းစစ်ဝန်ထမ်းများနှင့်ပြည်သူများအား သုတ၊ ရသစာအုပ်စာပေများအား အခမဲ့ငှားရမ်းပေးခဲ့သည်။

 ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများနှင့်ပြည်သူများ စာဖတ်ရှိန်မြင့်မားလာစေပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် မြို့ပေါ်ရပ်ကွက်ရှိ ဌာနဆိုင်ရာများနှင့်ပြည်သူများသို့ အရောက် စာအုပ်များငှားရမ်းကာ ဝန်ဆောင်မှု ပေးခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည်။

စာကြည့်တိုက်သို့မလာရောက်နိုင်သည့် စာအုပ်/စာပေဝါသနာပါသူ ဌာနဆိုင်ရာဝန်ထမ်းများအား အားလပ်ချိန်တွင်မိမိကြိုက်နှစ်သက်သည့်စာအုပ်/စာပေကောင်းများ ဖတ်ရှုလေ့လာနိုင်စေရေးအတွက်ကွင်းဆင်းကာ သုတရသစာအုပ်များအား အခမဲ့ငှားရမ်းဆောင် ရွက်ပေးခဲ့သည်။

ယခုကဲ့သို့ငှားရမ်းဆောင်ရွက်ပေးခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးပြီး စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ သိရှိစေရန်၊ စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေပြီး စာပေဖတ်ရှုမှု ပိုမိုတိုးတက် မြင့်မားလာစေရန်နှင့် အလုပ်တာဝန်များကြောင့် မအားမလပ်ဖြစ်နေသူများ၊ စာကြည်တိုက်သို့ စာအုပ်စာပေများ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသူများအတွက် ရည်ရွယ်ပြီး ကွင်းဆင်းငှားရမ်းပေးခြင်းဖြစ်ကြောင်းသိရသည်။

    

သတင်း - ထွန်းလင်းကျော်

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)