MNP ၊ ဇူလိုင် ၂၂
တန့်မြို့နယ်အတွင်းမှ PDF အကြမ်းဖက်အဖွဲ့များ မဟာမြိုင်အတွင်း တောခိုလျက်ရှိရာ နေထိုင်စားသောက်ရေး အခက်အခဲကြုံတွေ့ရကြောင်း ၎င်းတို့၏ မိသားစုဝင်များထံမှ သိရသည်။
မိသားစုဝင်များ PDF အကြမ်းဖက်အဖွဲ့နောက် ပါသွားရသည့်အခြေအနေနှင့် ပတ်သက်၍ အမျိုးသမီးတစ်ဦးက "NLD ကို ထောက်ခံပြီး PDF ထဲ ပါသွားကြတဲ့ ကျွန်မတို့ ဆွေမျိုးသားချင်းတွေ တောတွင်းမှာ အတိဒုက္ခရောက်နေကြရတယ်။ စားတဲ့အခါလည်း ဝဝလင်လင်မစားရဘူး။ နေစရာကလည်း လုံလုံခြုံခြုံမရှိဘူး။ PDF တွေက သူများတွေရဲ့ ကျွဲ၊ နွားတွေကို ဖမ်းယူသွားကြတာရှိတယ်။ အဲဒါတွေကို သတ်စားတဲ့ဟာလည်း သတ်စားတယ်။ ရောင်းစားတဲ့ဟာလည်း ရောင်းစားတယ်။ NLD ကို မထောက်ခံရကောင်းလားလို့ သူများအိမ်တွေကို မီးရှို့ဖြတ်ဆီး၊ လုပ်ကြံသတ်ဖြတ်၊ ရာဇဝတ်မှုတွေ ကျူးလွန်ပြီး ရပ်ထဲရွာထဲ မနေရဲကြတော့ဘဲ တောထဲကို မိသားစုတွေပါ ခေါ်သွားကြတာလေ။ မိသားစုတွေမှာ အတိဒုက္ခရောက်နေကြရပြီ" ဟု ပြောသည်။
အဆိုပါအခြေအနေနှင့် ပတ်သက်၍ ကန့်ဘလူမြို့နယ် မှော်တော်ကျေးရွာမှ ဆရာတော်ဦးဝါသဝ ထံ ဆက်သွယ်မေးမြန်းရာ "အဲဒါကတော့ အမှန်ပဲ ဒကာကြီး။ ဒကာကြီးကို ပြောပြခဲ့ဖူးပါတယ်။ သူများ မိသားစုဝင်တွေကို လုပ်ကြံသတ်ဖြတ်၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီး၊ စစ်ကြောင်းလာလို့ ပြေးဟေ့ ပြေးဟေ့ ဆိုရင် ရွာထဲ ကျန်ခဲ့တဲ့ အဖိုးအို၊ အဖွားအိုတွေကိုပါ ဒလန်လို့ စွပ်စွဲ။ အဖိုးအို၊ အဖွားအိုတွေမှာ စစ်ကြောင်းကို မကြောက်ရဘဲ သူတို့ကို ကြောက်ပြီး သူတို့ ပြေးသလို လိုက်ပြေးရတယ်။ ဒုက္ခတွေရောက်ကြတာပေါ့ဗျာ။ ဝဋ်ဆိုတာ ဘဝမကူးဘူး။ သူများမိသားစုတွေရဲ့ ဘဝပျက်အောင် လုပ်ခဲ့တဲ့ သူတွေ ချက်ချင်းလက်ငင်း သူတို့တွေလည်း ဘဝပျက်နေကြတာပါပဲ။ တူသော အကျိုးပေးတာပါပဲ။" ဟု မိန့်ကြားသည်။
ယနေ့အချိန်အထိ တန့်ဆည်မြို့နယ် မြောက်ခြမ်းတွင် PDF အကြမ်းဖက်သမားများ ကြီးစိုးနေပြီး ကျွန်းလှမြို့နယ်အတွင်းမှ ရေနံမှော်နှင့် ရွှေမျောများမှ ဆက်ကြေးကောက်ယူ၍ ရပ်တည်နေကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment