MNP ၊ ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လည် ပိုင်းက အိမ်ထောင် စုလူဦးရေစာရင်းပုံစံ ( ၆၆ / ၆) များအား Software အသုံးပြု ၍ရေးသွင်းခြင်းလုပ်ငန်းများနှင့်ပတ်သက်၍လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ( ၆၆ / ၆) များအား Software အသုံးပြု ၍ရေးသွင်းခြင်းလုပ်ငန်းများနှင့်ပတ်သက်၍အဖွင့်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ဌာနဆိုင်ရာအကြီးအကဲများ၊မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများတက်ရောက်ခဲ့ပြီး မြို့နယ် လဝကမှSoftware ရေးသွင်းခြင်းလုပ်ငန်းနှင့်ပတ်သက်၍သင်တန်းပို့ချခဲ့ပြီး Software အသုံးပြု ၍ရေးသွင်းခြင်းလုပ်ငန်းများ သတ်မှတ် ချိန်အတွင်းအချိန်မှီပြီးစီးနိုင်ရေးလူအင်အား ( ၂၈)ဦး ကွန်ပျူတာ( ၁၆)လုံး ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
သတင်း - ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment