MNP ၊ ဇူလိုင်၁၈
သထုံခရိုင်၊ ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း ၍”စားသုံးသူဆိုင်ရာ အသိအညာပေးနှင့် ထုတ်ကုန်လုံခြုံရေး သိကောင်းစရာ” (Talk Show) ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ်ရုံး Community Centre ခန်းမ၌ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက ဆွေးနွေးပွဲ ကျင်းပရ ခြင်းကိုရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် ဆွေးနွေးပွဲကိုကျင်းပ ပြုလုပ်ရာ စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးလွင်က ဦးစီးဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများ ၊ စားသုံးသူများ၏ရပိုင်ခွင့် နှင့်လိုက်နာကျင့်သုံးရမည့်ကျင့်ဝတ်များကိုလည်းကောင်းဒုတိယဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းက ထုတ်ကုန် ပစ္စည်းများနှင့် လုပ်ငန်းရှင်များ လိုက်နာရ မည့် အချက်များကိုလည်းကောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်း - ထူးနောင် (ဘီးလင်း)
https://t.me/MyanmarNationalPost
No comments:
Post a Comment