Pages

Pages

အမ်းမြို့၌ မိုးစပါးစိုက်တောင်သူများအား ယူရီးယားဓာတ်မြေသြဇာအိတ်များ (ဒုတိယအကြိမ်) ထောက်ပံ့






MNP ၊ အောက်တိုဘာ ၆

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် တွင် မိုးစပါးစိုက်ဧက (၄၃၄၇၁)ဧက စိုက် ပျိုးလျက်ရှိရာ မိုးစပါးစိုက်တောင်သူများ လယ်ယာထုတ် ကုန် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဓာတ်မြေသြဇာ ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွက်နှုန်းလျော့နည်းကျဆင်းမှု ျေးနှုန်းစေရေးအတွက် နိုင်ငံ တော်သတ်မှတ်ဈေးနှုန်း (၃၀၀၀၀)ကျပ်ဖြင့် ယူရီးယားဓာတ်မြေသြဇာအိတ်များ (ဒုတိယအကြိမ်) ထောက်ပံ့ပေးခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ယမန်နေ့ နေ့လယ်အချိန် က ပြုလုပ်ခဲ့သည်။

 အဆိုပါ ဓာတ်မြေသြဇာများ ဖြန့်ဖြူးပေးခြင်းသို့ မြို့နယ်ဓာတ်မြေသြဇာဖြန့်ဖြူးရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက် တက်ရောက်၍ မိုးစပါးစိုက်တောင်သူ များအား စိုက်ဧကများအတွက် ယူရီး ယား ဓာတ်မြေသြဇာအိတ်များ ဈေးနှုန်းချိုသာပြုနိုန့်ဖြူးပေးနိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်းနှင့် အကျိုးရှိရှိအသုံး ပြုနိုင်ရေးဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ဓာတ်မြေသြဇာဖြန့်ဖြူးရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊ဦးဝင်းဇော်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ  အဖွဲ့ဝင်များက ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက် တောင်သူများအတွက် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များသို့ သတ်မှတ်ခွဲတမ်းအလိုက် ဒုတိယအကြိမ်အဖြစ် ယူရီးယားဓာတ်မြေသြဇာ အိတ်ပေါင်း (၄၇၉)အိတ်အား သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment