ဂွမြို့ ရွာမရပ်ကွက်တွင် မြေပြင်လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံမှန်ကန်ရေး တာဝန်ရှိသူများက ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့ ရွာမရပ်ကွက်တွင် မြေပြင်လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံမှန်ကန်ရေး တာဝန်ရှိသူများက ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး



MNP - အောက်တိုဘာ   ၁၃


ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးဇေယျာ ဦးဆောင်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်ရေး အခြေခံလူဦးရေးစာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရွာမရပ်ကွက်အတွင်းတွင် ဆောင်ရွက်ခဲ့ကြသည်။


ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးဇေယျာနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ယာယီရဲမှူး ခင်မောင်ထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်ရီနှင့် ဝန်ထမ်းများ၊ မြို့နယ်ကော်မရှင်အဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်းကာ ကရွာမရပ်ကွက်ရှိ မဟာမြိုင်လမ်းတွင် နေထိုင်သည့် အခြေခံအိမ်ထောင်စု လူဦးရေးစာရင်းရှိ လူဦးရေနှင့် မြေပြင်တွင် အမှန်တကယ် နေထိုင်မှု ရှိ/ မရှိ တိုက်ဆိုင်စစ်ဆေး ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)