ပဉ္စမအကြိမ်မြောက် ဓနုအမျိုးသားနေ့အတွက် ထောက်ပံ့လှူဒါန်းငွေများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဉ္စမအကြိမ်မြောက် ဓနုအမျိုးသားနေ့အတွက် ထောက်ပံ့လှူဒါန်းငွေများပေးအပ်

 

MNP - နိုဝင်ဘာ   ၃၀


၂၀၂၂ခုနှစ်၊ နိုင်ဝင်ဘာလ ၃၀ ရက်နေ့တွင် ကျရောက်သည့်  ဓနုအမျိုးသားနေ့အတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ ဧည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းက


တက်ရောက်လာသည့် သက်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူများ၊ ဓနုအမျိုးသားအဖွဲ့ချုပ် အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အမှာစကားပြောကြားပေးသည်။


ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖွဲ့ရုံးမှ ထောက်ပံ့လှူဒါန်းငွေ ကျပ် (၁၀)သိန်းအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းမှ လည်းကောင်း MRTV - 4 မှ ပေးအပ်လှူဒါန်းသည့် အလှူငွေကျပ်သိန်း (၁၀၀)အား တာဝန်ခံ ဦးဇော်မျိုးမှ လည်းကောင်း၊ ပေးအပ်ခဲ့ကြာရာ ဓနုအမျိုးသားအဖွဲ့ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးဘမော်နှင့်အဖွဲ့ဝင်များမှ လက်ခံရယူခဲ့ပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ပဉ္စမအကြိမ်မြောက် ဓနုအမျိုးသားနေ့အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဆီဆုံကျေးရွာ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)