Pages

Pages

တာမွေမြို့နယ်အတွင်းရှိ အနှေးယာဉ်များ ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်စေရေးအတွက် ရောင်ပြန်စတေကာများ အခမဲ့ဖြန့်ဝေ




MNP ၊ နိုဝင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ အနှေးယာဉ်များ ညအချိန်များ၌ ယာဉ်အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့တို့ ပူးပေါင်း၍ တာမွေမြို့နယ် သမိန်ဗရမ်းလမ်းနှင့် ကျိုက္ကဆံလမ်းဆုံနေရာ (တာမွေဗလီထိပ်ဘတ်စ်ကားမှတ်တိုင်အနီး)တွင် ရောင်ပြန်စတေကာ များ အခမဲ့ဖြန့်ဝေကပ်ထားပေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ တာမွေမြို့နယ်အတွင်းရှိ အနှေးယာဉ်များ ညအချိန်များ၌ ယာဉ်အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်စေရေးအတွက် ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း ပြေးဆွဲနေသော အနှေးယာဉ်အစီးရေ(၁၀၀)အား ရောင်ပြန်စတေကာများ အခမဲ့ဖြန့်ဝေကပ်ထားပေးခဲ့ပြီး အနှေးယာဉ်မောင်းများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ယာဉ်လမ်းအန္တရာယ်ဆိုင်ရာ သတိပေးလမ်းညွှန်များ၊ အမိန့်ပေးခြင်း လမ်းညွှန်များ၊ တားမြစ်ခြင်းနှင့် ကန့်သတ်ခြင်းလမ်းညွှန်များ၊ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီအနေဖြင့် တိုင်းဒေသကြီးအတွင်း ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး တာမွေ မြို့နယ် အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ယခင်နှစ်များထက် သိသိသာသာ ယာဉ်တိုက်မှုများ လျော့နည်းကျဆင်းလာခဲ့ကြောင်း သတင်းရရှိပါသည်။


ထက်တံခွန်(တာမွေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment