သနပ်ပင်မြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

သနပ်ပင်မြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်




MNP - နိုဝင်ဘာ  ၃၀


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်တွင် ပြွန်‌ပေါက်ကျေးရွာ၊ ထောင်မင်းကျေးရွာ၊ အပိုင်ကျေးရွာအုပ်စုများသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စစ်ကြောင်း(၅)ကြောင်းမှ အဖွဲ့ခေါင်းဆောင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုအခြေအနေများ၊ ကဏ္ဍအလိုက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေမှုများကို ဒေသခံပြည်သူ့များနှင့်တွေ့ဆုံ၍  ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။


အဆိုပါ စစ်ကြောင်းကြီး(၅)ကြောင်းမှ တာဝန်ရှိသူတို့သည် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီဆောင်ရွက်ရန်၊  ကျေးရွာနေပြည်သူများ၏ အခွင့်အရေးများဆုံးရှုံးနစ်နာမှုမရှိစေရေးအတွက် အလေးထားဆောင်ရွက်သွားရန်၊ ကျေးရွာနေပြည်သူများအနေဖြင့် ကောလဟာလသတင်းအမှားများကို မယုံကြည်ကြပဲ သတင်းအမှန်များကို လေ့လာဖတ်ရှုကြရန်၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုအကျိုးပြုလုပ်ငန်းများတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ပေးကြရန် ချပြရှင်းလင်းတိုက်တွန်းပြောကြားခဲ့ပြီး ကျေးရွာအတွင်းရှိ အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကွယ်ဆေး Booster Dose ထိုးနှံပေးခြင်း၊ ပန်းခင်းစီမံချက်(၂)အနေဖြင့် အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်း၊ ထောင်မင်းကျေးရွာ ကျန်းမာရေးဆရာမလိုအပ်ချက်နှင့် ရွာအနောက်ဘက်တာရိုးဘေးအရှည်‌‌(၁၅၀၀)ပေ၊ အကျယ်(၈)ပေ မြေသားလမ်းပြုပြင်ပေးရန်၊ အပိုင်ကျေးရွာအုပ်စု အောင်ချမ်းသာကျေးရွာချင်းဆက်လမ်းရရှိရေး လျှပ်စစ်မီးရရှိရေး၊ ဆရာ/ဆရာမလိုအပ်ချက်များ၊ ပြွန်‌ပေါက်ကျေးရွာသောက်သုံးရေကန်များ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများပြန်လည်ပြုပြင်ပေးခြင်း၊ အောက်ချမ်းသာကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်ပေးမည့် အခြေအနေအား ချပြရှင်းလင်းဆွေးနွေးခဲ့သည်။


ထို့နောက် ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ၏ တင်ပြလာမှုများအပေါ် ပေါင်းစပ်ညှိုနှိုင်းဆောင်ရွက်ပေးခဲ့ပြီး‌ ကျေးရွာအုပ်စုများရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုများ လှူဒါန်းခဲ့ကြောင်း သိရပါသည်။


သတင်း - လှမိုး


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)