ရသေ့တောင်မြို့၌ ၂၀၂၂-၂၃ဘဏ္ဍာ‌ရေးနှစ်ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်နေသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရသေ့တောင်မြို့၌ ၂၀၂၂-၂၃ဘဏ္ဍာ‌ရေးနှစ်ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်နေသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး






MNP ၊  နိုဝင်ဘာ  ၂၉

ရခိုင်ပြည်နယ်၊ ‌ရသေ့တောင်မြို့တွင် ရခိုင်ပြည်နယ်၊ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ဌာနမှသတ်မှတ်ထားသည့် စံနှုန်းများနှင့်အညီ ဆောင်ရွက်စေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးမှုရှိစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက် နှင့် တာဝန်ရှိသူများကလာ‌ ရောက်ကြည့်ရှုကြပြီးစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံဦးစီးမှူး‌ ဒေါ်မ‌အေးသန်း၊ တာဝန်ခံအင်ဂျင်နီယာ‌ ဒေါ်ငယ်ငယ်လှိုင်နှင့်QCအဖွဲ့ဝန်ထမ်းများ၊ သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ယခုဘဏ္ဍာနှစ်တွင် ထွေ/အုပ်ဝန်ထမ်းအိမ်ရာ‌ မြေဖို့ခြင်း(၂၀၀’×၁၀၀၀’×၅’)၊ရသေ့တောင်မြို့ OSSရုံးအုတ်ခြံစည်းရိုးကာရံခြင်း(၁၂၇’×၁၂၇’×၅၀’)၊‌ မေယုရာဇာကုမ္မဏီမှရသေ့တောင်မြို့ အထကမြို့မ(၂)စာသင်ကျောင်းဆောင်သစ်‌ ဆောက်လုပ်ခြင်းနှင့် ဗျာလစွမ်းရည်ဆောက်လုပ်ရေးကုမ္မဏီမှပညာသုခလမ်းကွန်ကရစ်ခင်းခြင်း၊နန္ဒာလမ်းကျန်ပိုင်းကွန်ကရစ်ခင်းခြင်း၊‌ တောင်လှမော်ရွာဆက်လမ်းကျောက်ချောလမ်းခင်းခြင်နှင့်စိုးမင်းပြည်ဟိဏ်းကုမ္မဏီမှ မေဃဝတီလမ်းကျောက်ချောခင်းခြင်း၊စောပြည့်ညိုလမ်းကွန်ကရစ်ခင်းခြင်း၊မြို့ပတ်လမ်းကွန်ကရစ်ခင်းခြင်းစသည့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ဆောင်ရွက်ပြီးစီးမှုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ သတ်မှတ်ထားသည့် စံနှုန်းများနှင့်အညီ ကိုက်ညီမှု ရှိစေရေးတို့အတွက် ဖော်ပြပါ လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သိရှိရပါသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)