ရပ်စောက်မြို့နယ်၌ မြစိမ်းရောင်ဆီထွက်သီးနှံ နေကြာစိုက်ပျိုးသည့် တောင်သူများအား ဓာတ်မြေဩဇာရောင်းချ ပေးအပ်ပွဲ အခမ်းအနားပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရပ်စောက်မြို့နယ်၌ မြစိမ်းရောင်ဆီထွက်သီးနှံ နေကြာစိုက်ပျိုးသည့် တောင်သူများအား ဓာတ်မြေဩဇာရောင်းချ ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

 



MNP - နိုဝင်ဘာ ၃၀


ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ မြစိမ်းရောင်ဆီထွက်သီးနှံနေကြာ စိုက်ပျိုးသည့်တောင်သူများအား ဓာတ်မြေဩဇာ ရောင်းချပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက အလည်ချောင်ကျေးရွာအုပ်စု၊ တောယားကျေးရွာ၌ ပြုလုပ်ခဲ့သည်။


ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂−၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် နေကြာသီးနှံ စိုက်ပျိုးရန်အတွက် တောင်သူများအား လိုအပ်သောမျိုးစေ့ဝယ်ယူရန် ငွေကြေးအရင်းအနှီးအနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တောယားကျေးရွာ၌ အိမ်ထောင်စု(၅၀)စု၊ စိုက်ဧက(၁၀၀)တွင် နေကြာစိုက်တောင်သူ (၅၀)ဦးအား လိုအပ်သောသွင်းအားစုအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဓာတ်မြေဩဇာများကို ပြင်ပပေါက်ဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်လက်၍ အခမ်းအနားတွင် တာဝန်ရှိသူများက မြေဩဇာသုံးစွဲပုံအဆင့်ဆင့်အား ရှင်းလင်းဆွေးနွေးပြီးနောက် တောင်သူများအား ဓာတ်မြေဩဇာပေးအပ်ခြင်း၊ နေကြာစိုက်ခင်းများအား မြေပြင်ကွင်းဆင်းကြီးကြပ်ခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)