မောင်တောမြို့၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ဒုတိယနေ့ ဆက်လက် စစ်ဆေးခြင်းများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မောင်တောမြို့၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ဒုတိယနေ့ ဆက်လက် စစ်ဆေးခြင်းများဆောင်ရွက်







MNP ၊  နိုဝင်ဘာ  ၂၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ကျောင်းသား၊ကျောင်းသူများအား အနာဂတ်မျိုးဆက်သစ်လူငယ်များ ၊အသိ ပညာ ဗဟုသုတ မြင့်မားတိုးတက်စေရန် ၊ လူငယ် လူရွယ်များ အာရုံစူးစိုက်လေ့လာမှု နှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက် လာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အဋ္ဌမတန်း ၊ ဒသမတန်း နှင့် ဧကာဒသမတန်း မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ဒုတိယနေ့ အဖြစ် စစ်ဆေးခြင်းများဆောင်ရွက်ခြင်းကို   ယနေ့ နံနက် ၉ နာရီအချိန် အမှတ်(၁) အခြေခံပညာ အထက် တန်း ကျောင်းတွင် ဆက်လက် ပြုလုပ်ခဲ့သည်။

မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အခြေခံပညာ အဋ္ဌမတန်း ၊ ဒသမတန်း နှင့် ဧကာ ဒသမတန်း မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ဒုတိယနေ့အဖြစ် ဆက်လက် စစ်ဆေးရာ ယနေ့ နံနက်ပိုင်းတွင် ဗဟုသုတဘာသာရပ်အား ဖြေဆိုကြပြီး မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်း များမှ  အဋ္ဌမတန်း အဆင့် ဖြေဆိုသူ ၈ ဦး ၊ ဒသမတန်းအဆင့် ဖြေဆိုသူ ၁၃ ဦး  နှင့် ဧကာ ဒသမတန်းအဆင့် ဖြေ ဆိုသူ ၁၅ ဦး ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြကာ နေ့ လယ် ပိုင်း တွင် လူတွေ့နှုတ်ဖြေ စစ်ဆေးခြင်း များကို ဆောင်ရွက်ခဲ့ကြသည်။ 

အဆိုပါ  မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေး စစ်ဆေးခြင်းကို  နိုဝင်ဘာ ၂၈ ရက်နေ့တွင် မြန်မာစာနှင့် အင်္ဂလိပ်စာ စစ်ဆေးခြင်း ၊နိုဝင်ဘာ  ၂၉ ရက်နေ့တွင်  အထွေထွေ ဗဟုသုတ နှင့် လူတွေ့နှုတ်ဖြေ စစ်ဆေးခြင်း ၊ နိုဝင်ဘာ ၃၀ ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှု နှင့် ယုံကြည်မှုစစ်ဆေးခြင်း များကို မြို့မအားကစားကွင်းတွင် ပြုလုပ်ဆောင်ရွက် သွား မည်ဖြစ်ပြီး အောင်မြင် သူများ အနေဖြင့် ခရိုင်အဆင့်သို့ ဆက်လက် ယှဉ်ပြိုင်ရမည် ဖြစ် ကြောင်း မြို့နယ် ပညာ ရေးမှူးရုံးမှ သိရသည်။


သက်လွင်စိုး၊အောင်ကျော်စိန် 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)