ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်၏ ပထမအကြိမ်ညီလာခံသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်၏ ပထမအကြိမ်ညီလာခံသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေး



MNP ၊ နိုဝင်ဘာ ၃၀

ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်၏ ပထမအကြိမ်ညီလာခံကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ ညီလာခံပထမနေ့ကို ဒေသစံတော်ချိန် ၁၄:၀၀ နာရီမှ ၁၈:၀၀ နာရီအထိ Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ညီလာခံသို့ မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပြီး တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ရုရှား၊ ဘီလာရုစ်၊ ဟန်ဂေရီ၊ စပိန်၊ အီဂျစ်၊ ဘရာဇီးလ်၊ အာဂျင်တီးနား၊ ပါကစ္စတန်၊ ကာဂျစ်စတန်၊ ဥဇဘက်ကစ္စတန်၊ နယူးဇီလန်၊ ဆော်လမွန်၊ နိုင်ဂျီးရီးယား၊ အီသီယိုးပီးယားနှင့် အစ္စရေးနိုင်ငံတို့မှ ဒုတိယဝန်ကြီးချုပ်များ၊ ပြည်ထဲရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ရဲချုပ်များ၊ သံအမတ်ကြီးများနှင့် အင်တာပိုလ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့အပါအဝင် နိုင်ငံ ၃၈ နိုင်ငံမှ ကိုယ်စားလှယ်စုစုပေါင်း ၄၀၀ ဦး တက်ရောက်ခဲ့ကြပါသည်။

ညီလာခံဖွင့်ပွဲအခမ်းအနားတွင် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၊ ဝန်ကြီး Mr.Wang Xiaohong က  မိန့်ခွန်းပြောကြားခဲ့ပြီး ညီလာခံအား အပိုင်း ၄ ပိုင်းခွဲ၍ လျင်မြန်စွာပြောင်းလဲနေသောကမ္ဘာကြီးတွင် လုံခြုံရေးဆိုင်ရာ အသိုက်အဝန်းတစ်ရပ်ပေါ်ထွန်းလာစေရေး၊ လုပ်ငန်းတာဝန်ကျွမ်းကျင်မှုရှိပြီး ထိရောက်မှုရှိသော တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုပေါ်ထွန်းလာစေရေး၊ အနာဂတ်တွင် အဆင်သင့်ဖြစ်စေရန် စွမ်းရည် မြှင့်တင်ရေး အစီအစဉ်များပိုမိုတိုးမြှင့်ပြုလုပ်ပေးရေး၊ လုံခြုံစိတ်ချရမှုရှိသော ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်လာစေရန် လုံခြုံရေးဆိုင်ရာကဏ္ဍစုံပူးပေါင်းဆောင်ရွက်နိုင်မည့် ယန္တရားတစ်ရပ်ပေါ်ထွန်းလာစေရေး စသည့် ခေါင်းစဉ် ၄ ရပ်ဖြင့် ဆက်လက်ပြုလုပ်ခဲ့ကြပါသည်။  

မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က လက်ရှိဖြစ်ပေါ်နေသော စိန်ခေါ်မှုများနှင့် အတားအဆီးများအား ထိရောက်စွာဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ခိုင်မာအားကောင်းခြင်းသည် ကမ္ဘာလုံးဆိုင်ရာပြစ်မှု ကြိုတင်ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးအားထုတ်ကြိုးပမ်းမှုများကို ထိရောက်စေမည်ဖြစ်ကြောင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့စေရေးအတွက် အခြေခံအချက်တစ်ရပ်အနေဖြင့် မိမိတို့သည် နိုင်ငံဖြတ်ကျော်ဂိုဏ်းဖွဲ့မှုခင်းများတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် ယင်း၏နောက်ဆက်တွဲစာချုပ်များအပါအဝင် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများ၊ စာချုပ်များ၊ သဘောတူညီချက်များအား ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ညီလာခံဒုတိယနေ့ကို ဒေသစံတော်ချိန် ၀၇:၃၀ နာရီမှ ၁၅:၀၀ နာရီအထိ Video Conferencing ဖြင့် ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဖိုရမ်၊ သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာဖိုရမ်၊ ရဲအကယ်ဒမီကျောင်းအုပ်ကြီးများဖိုရမ် စသည်ဖြင့် ဖိုရမ် ၃ ခုခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)