တိုင်းပြည်တစ်ပြည်မှာ ဥပဒေစိုးမိုးရေးဟာ အဓိက အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီဆိုတာကို မဖော်ဆောင်ခဲ့ဘူးဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာလည်း မလိုအပ်သလို ပါတီတွေဆိုတာလည်း ပေါ်ပေါက်လာစရာ အကြောင်းမရှိပါဘူး။ ပြည်သူများက ပါတီစုံဒီမိုကရေစီစနစ်ကို လိုလားတောင်းတလွန်းလို့ တပ်မတော်အကြီးအကဲများက ဦးဆောင်ပြီး တိုင်းရင်းသားခေါင်းဆောင်များ၊ လက်နက်ကိုင်ခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ တတ်သိပညာရှင်များနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြီး ၂၀၀၈ ခုနှစ်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ အတည်ပြုခဲ့ပါတယ်။
ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးပါပြီဆိုကတည်းက ပါတီအားလုံးမှာ တန်းတူအခွင့်အရေးရှိတယ်။ ပါတီအားလုံး တန်းတူ အခွင့်အရေးရဖို့ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ပြဋ္ဌာန်းထားပြီးဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အခြေခံပြီး ဥပဒေ၊ နည်းဥပဒေဆိုတာတွေလည်း ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ ၂၀၁၀ ပထမအကြိမ် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပခဲ့တယ်။ ဦးသိန်းစိန် ဦးဆောင်တဲ့ USDP အစိုးရ ပေါ်ပေါက်ခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲကိစ္စပြဿနာတချို့ ပေါ်ပေါက်ခဲ့တော့လည်း UEC က ဖြေရှင်းပေးတယ်။ ထို့အတူပါပဲ ၂၀၁၅ မှာ ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲ ကျင်းပတော့လည်း UEC က ပါတီအားလုံး သံသယကင်းအောင် ဆောင်ရွက်ပေးခဲ့တယ်။ NLD ပါတီအနိုင်ရတော့လည်း အာဏာလွှဲပြောင်းပေးခဲ့တယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီက UEC အသစ်ကို ဖွဲ့စည်းခဲ့တယ်။ NLD က ဖွဲ့စည်းလိုက်တဲ့ UEC ကတော့ နိုင်ငံရေးပါတီများအားလုံးအပေါ် သမာသမတ် ရှိရှိ ဒိုင်လူကြီးပီသအောင် ဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်မရှိဘူးဆိုတာ ရွေးကောက်ပွဲမတိုင်မီ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီကတည်းက နိုင်ငံရေးပါတီတွေအပေါ် UEC က လူပါးဝစကားပြောခဲ့တာတွေ သက်သေခံနေပါတယ်။ UEC ရဲ့ မထေမဲ့မြင်ပြောဆိုမှု၊ စော်ကားပြောဆိုမှုတွေကို သည်းခံပြီး ၂၀၂၀ ရွေးကောက်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရပါတယ်။ NLD က ဖွဲ့စည်းထားတဲ့ UEC ဟာ သမာသမတ်ရှိရှိ ကျင်းပဖို့ ရည်ရွယ်ချက်မရှိတဲ့အတွက် ရွေးကောက်ပွဲမှာ ကလိမ်ကကျစ်ကျပြီး မဲလိမ် မဲခိုးတဲ့ ပြဿနာတွေက ဟိုးလေးတကျော်ကျော် ဖြစ်လာပါတော့တယ်။
၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပထမဆုံး ထုတ်ပြန်ပြောဆိုလာတဲ့ ပါတီကတော့ NDF ပါတီပဲ ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်တဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကာလအတွင်းမှာလည်း USDP, PPP အစရှိတဲ့ ပါတီတွေက ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေတာကို သတင်းစာရှင်းလင်းပွဲတွေ ကျင်းပပြီး ပြောခဲ့ရတဲ့ မှတ်တမ်းတွေ ရှိပါတယ်။ ရွေးကောက်ပွဲအပြီးမှာလည်း မဲလိမ် မဲခိုးမှုတွေ ကျူးလွန်ခဲ့တာကို ချပြရှင်းလင်းပြောဆိုခဲ့ကြပါတယ်။ အစိုးရအာဏာရထားတဲ့ NLD ပါတီနဲ့ သူတို့စိတ်ကြိုက် ဖွဲ့စည်းထားတဲ့ UEC က ရွေးကောက်ပွဲမှာ ကလိန်ကကျစ်လုပ်ထားတာတွေကို လုံးဝမရှင်းတဲ့အပြင် တိုင်ကြားမှုတွေ၊ ရှင်းလင်းပြောဆိုသူတွေပါ ပြစ်တင်ပြောဆိုခဲ့ပါတယ်။ မဲလိမ် မဲခိုးမှုတွေအပေါ် ဆန္ဒပြကန့်ကွက်နေကြသူတွေကို ရဲအင်အားအလုံးအရင်းသုံးပြီး ဖမ်းဆီးနှိမ်နင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒီလိုအခြေအနေတွေကြောင့် နိုင်ငံရေးထဲကို တပ်မတော်ဝင်ပါလာခဲ့ရပါတယ်။ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ တပ်ချုပ်ကြီး တွေ့ဆုံဆွေးနွေးရတဲ့ အခြေအနေကို ရောက်လာပါတယ်။ အဲဒီနောက်မှာ မှန်ကန်တည့်မတ်စေရေး မဲစာရင်းတွေကို ပြန်လည်စစ်ဆေးဖို့ တပ်မတော်က လုပ်ဆောင်လာရပါတယ်။ တပ်မတော်က စနစ်တကျ စိစစ်နိုင်ဖို့ UEC မှာ ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့အချက်အလက်တွေကို တရားဝင်တောင်းခံတဲ့အခါမှာလည်း UEC က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အနေနဲ့ မည်သူကိုမျှ ကူးယူခွင့်မပြုဖို့ ထုတ်ပြန်တားမြစ်ခဲ့ပါတယ်။ နောက်ဆုံးတော့ ကိုယ်စားလှယ်လောင်းများထံ ဖြန့်ဝေထားတဲ့ မဲစာရင်းတွေကို စိစစ်လိုက်တဲ့အချိန်မှာပဲ မဲလိမ် မဲခိုးမှုကြီးကို အလွန်အကြူး လုပ်ဆောင်ထားတယ်ဆိုတာကို စိစစ်တွေ့ရှိပါတော့တယ်။
တပ်မတော်ဘက်က တရားဝင် အပြုသဘောဆန်ဆန် ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။ အာဏာရူးဖြစ်နေတဲ့ NLD အနေနဲ့ကတော့ အပြုသဘောဆန်ဆန် ထောက်ပြပြောဆိုမှုတွေကိုလည်း လက်မခံသလို လေးစားသမှုနဲ့ မေတ္တာရပ်ခံပြောဆိုမှုတွေကိုလည်း လက်မခံတော့ပါဘူး။ NLD ရဲ့ အပြုသဘောမဆန်တဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကြောင့် တပ်မတော်က ဥပဒေနဲ့အညီ ထိန်းသိမ်းရတဲ့ အခြေအနေမျိုးကို ရောက်ရှိသွားခဲ့ခြင်းပဲ ဖြစ်ပါတယ်။
တပ်မတော်က အာဏာအရပ်ရပ်ကို ထိန်းလိုက်ပြီဆိုတဲ့အချိန်မှာတော့ NLD ဘက်တော်သား မီဒီယာတွေက အာဏာသိမ်းစစ်တပ်၊ စစ်ကောင်စီ အစရှိသဖြင့် ဝေါဟာရအမျိုးမျိုး ဖန်တီးသုံးနှုန်းပြီး ဆူပူအကြမ်းဖက်လှုံ့ဆော်မှုတွေ လုပ်ဆောင်လာကြပါတယ်။ တပ်ချုပ်ကြီး ကို အာဏာရှင်လို့ ခေါင်းစဉ်တပ်ပြီး မဖွယ်မရာ ပြုမူစော်ကားမှုတွေဖြစ်အောင် လှုံ့ဆော်လာကြပါတယ်။
တပ်ချုပ်ကြီးကသာ အာဏာရှင်ဆန်ဆန် လုပ်ခဲ့မယ်ဆိုရင် ဥပဒေမဲ့ လမ်းပေါ်တက်စုဝေးလာပြီဆိုကတည်းက ဖမ်းဆီး၊ တရားစွဲ၊ ထောင်ချ လှုပ်လို့တောင် မရပါဘူး။ တပ်ချုပ်ကြီးက အာဏာရှင်မဖြစ်လိုဘူး။ ဆန္ဒပြမှုတွေကို ဒီမိုကရေစီအခွင့်အရေးပေးပါတယ်ဆိုပြီး ညင်သာစွာ ကိုင်တွယ်ခဲ့တယ်။ ဒီမိုကရေစီလိုလားသူပါလို့ အမည်ခံပြီး အာဏာရှင်ဖြစ်နေတဲ့ NLD အုပ်စုက တဆင့်ချင်း သွေးတိုးစမ်းလာတယ်။ ဆန္ဒပြမှုတွေကို ခွင့်ပြုပေးထားတာကို အခွင့်ကောင်းယူပြီး ငါနဲ့မတူ ငါ့ရန်သူလို သဘောထားပြီး ရန်ပြုစော်ကားလာကြတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုတွေ လုပ်လာကြတယ်။ ရန်ကုန်မြို့ကြီးဟာ မြို့ပျက်ကြီးတစ်ခုလို ဖြစ်သွားသည်အထိ ဆူပူအကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ခဲ့ကြတယ်။
တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူတွေအနေနဲ့ မိမိတို့ မျက်စိရှေ့မှောက် ဥပဒေမဲ့ လုပ်ရပ်တွေကို မြင်နေရတဲ့အခါမှာ ဥပဒေနဲ့အညီ တိတိကျကျ ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့ တိုက်တွန်းပြောဆိုမှုတွေ လုပ်ခဲ့ကြတယ်။ တပ်ချုပ်ကြီး လုံးဝမလုပ်ခဲ့ပါဘူး။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေထံ လှည့်လည်ပြီး တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့ရတဲ့ အခြေအနေ၊ အာဏာရပါတီက မဲမသမာမှုတွေ ကျူးလွန်ခဲ့တဲ့ အခြေအနေတွေကို အကြိမ်ကြိမ် ရှင်းလင်းပြောဆိုခဲ့တယ်။ NLD ပြည်ဖျက်အုပ်စုရဲ့ မှိုင်းမိနေတဲ့ ပြည်သူတွေကို အသိမှန် အမြင်မှန် ရစေဖို့ သတင်းစကားတွေ ပေးခဲ့ပေမယ့် မှိုင်းမိလူထုတွင်းကို သတင်းစကားတွေက တိုးမပေါက်တော့ပါဘူး။
တပ်ချုပ်ကြီးရဲ့ သဘောထားကြီးမှုကို တစ်ဖက်က NLD ပြည်ဖျက်အုပ်စုနဲ့ ပြည်ဖျက်မီဒီယာတွေက အခွင့်ကောင်းယူပြီး လူငယ်တွေကို တောခို အကြမ်းဖက်သမားအဖြစ် အသုံးချဖို့အထိ ယုတ်မာရိုင်းစိုင်းလာကြပါတယ်။ တစ်ဖက်ပိတ် နိုင်ငံရေးမှိုင်းမိနေတဲ့ လူငယ်တွေမှာ ဆင်ခြင်တုံတရားမရှိကြတော့ဘဲ ကိုယ့်ရွာသူရွာသားအချင်းချင်း သတ်ဖြတ်၊ CDM မလုပ်ရကောင်းလားပြီး ဆရာ/ဆရာမတွေ၊ နိုင်ငံဝန်ထမ်းတွေကို သတ်ဖြတ်၊ နောက်ဆုံး သူတို့ကို အားပေးထောက်ခံခြင်း မပြုရကောင်းလားဆိုပြီး သံဃာတော်တွေကိုပါ ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်သည်အထိ အလွန်အကျူးယုတ်မာရိုင်းစိုင်လာခဲ့ကြပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်ချုပ်ကြီးအနေနဲ့ သူတာဝန်ယူဆောင်ရွက်တဲ့ ကာလအတွင်း သူစွမ်းနိုင်သမျှ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ခဲ့တယ်။ NLD ပြည်ဖျက်အုပ်စုက ပညာရေးကိုလည်း ကမောက်ကမဖြစ်အောင်လုပ်တယ်။ စီးပွားရေးတည်ငြိမ်အေးချမ်းမှု ကင်းမဲ့အောင်လည်း လုပ်တယ်။ ဘက်ပေါင်းစုံက နည်းလမ်းပေါင်းစုံနဲ့ အဖျက်အမှောင့်လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ကြတယ်။
တပ်ချုပ်ကြီးကို အမွှန်းတင်ချင်လွန်းလို့ ဒီစာကို ရေးနေတာ မဟုတ်ဘူး။ ဒီမိုကရေစီအော်ပြီး အာဏာရှင်ထက် ယုတ်မာရိုင်းစိုင်းတဲ့ အာဏာရူးတွေရဲ့ လှုံ့ဆော်မှုကြောင့်ပဲ PDF ဆိုတာ ပေါ်လာတယ်။ PDF ထဲကို ဝင်ပြီး ကိုယ့်ပြည်သူအချင်းချင်းသတ်၊ ဒေသခံ ပြည်သူတွေ အသုံးပြုနေတဲ့ ဖုန်းတာဝါတိုင်တွေဖျက်ဆီး၊ လျှပ်စစ်တာဝါတိုင်တွေဖျက်ဆီး၊ လမ်းတံတားတွေကိုဖျက်ဆီးတဲ့ လုပ်ရပ်တွေကို ဘယ်သူတွေ လုပ်ခဲ့တာလဲ။ PDF အကြမ်းဖက်အဖွဲ့ဝင်တွေ လုပ်ခဲ့ကြတယ်။ သူတို့ဖျက်ဆီးသမျှ တပ်မတော်က စောလျှင်စွာ ပြင်ဆင်နိုင်ရေး လိုက်လံလုပ်ဆောင်ကြတယ်။
တပ်ချုပ်ကြီးသာ ပြတ်သားပြီး ပြင်းထန်စွာ နှိမ်နင်းခဲ့မယ်ဆိုရင် PDF ဆိုတာ ယနေ့အချိန်အထိ သက်ဆိုးမရှည်နိုင်ပါဘူး။ NLD ပြည်ဖျက်အုပ်စုနဲ့ အပေါင်းအပါ ပြည်ဖျက်မီဒီယာတွေက အမုန်းတရားတွေ မည်မျှပင်ဖြန့်ဝေနေစေကာမူ ပြည်သူအားလုံးကို ကိုယ့်သားသမီးလို သဘောထားတယ်။ အကြမ်းဖက်အဖွဲ့အစည်းထဲ ရောက်နေတဲ့ ဆင်ခြင်တုံတရားကင်းမဲ့ လွန်းသူတွေအပေါ်မှာ ပိုပြီးတော့တောင် မေတ္တာထားသေးတယ်လို့ ဆိုရပါမယ်။ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ကြဖို့၊ နယ်စပ်ဒေသကနေ ထွက်ပြေးဖို့ ကြိုးစားနေသူတွေကိုလည်း စနစ်တကျ လက်ခံကြိုဆိုပေးခဲ့တယ်။ မိကောင်းဖခင် ပီသအောင် ရပ်တည်ဆောင်ရွက်ခဲ့တယ်။
ဒါတွေကတော့ နစက ဥက္ကဋ္ဌ တပ်ချုပ်ကြီးနဲ့ နစက အဖွဲ့ဝင် လူကြီးများရဲ့ ပြည်သူများအပေါ် ကျောသားရင်သား မခွဲခြားတဲ့ မေတ္တာစေတနာတွေကို အထင်အရှားမြင်ခဲ့ရတာကို ပြောခြင်းဖြစ်ပါတယ်။ အစိုးရတစ်ရပ်ဆိုတာ အကြီးအကဲများက မူဝါဒချမှတ်ပေးပြီး သက်ဆိုင်ရာ နယ်ပယ်အလိုက် တာဝန်ထမ်းဆောင်နေကြရသူများစွာ ရှိပါတယ်။ တချို့ကလည်း နိုင်ငံတော်အကြီးအကဲများရဲ့ မူဝါဒကို မသိကျိုးကျွန်ပြုပြီး ကိုယ်ကျိုးရှာခဲ့ကြတာတွေလည်း ရှိပါတယ်။ ဥပဒေလက်တစ်လုံးခြား လုပ်နေကြတာတွေလည်း ရှိမှာပါပဲ။ ဒါမျိုးတွေကလည်း အစိုးရအဆက်ဆက်မှာ ရှိနေတာပဲ ဖြစ်ပါတယ်။ ပြည်သူတွေအပေါ်မှာ မေတ္တာတရားနဲ့ ဥပဒေစိုးမိုးရေးဆိုတာထက် ရာထူးအာဏာနဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာလိုမှုတွေ များလာတဲ့အခါ ပြည်ဖျက်မီဒီယာတွေ မှိုင်းတိုက်နေတာတွေကပဲ ဟုတ်နေသလိုလို ပြည်သူတွေမှာ မကျေနပ်မှုတွေ ဖြစ်လာကြပါတယ်။
နိုင်ငံတော်အကြီးအကဲများ က မေတ္တာရှေ့ထား ဆောင်ရွက်နေသလို တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ထိ တာဝန်ရှိသူများက ကိုယ်ကျိုးရှာ အမြတ်ထုတ်လိုမှုကို ရှေ့တန်းမတင်ဘဲ တော်တည့်မှန်ကန်စွာ ဆောင်ရွက်ကြမယ်ဆိုရင် အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများကြောင့် အပြစ်မဲ့ ရဟန်းရှင်လူများ သေဆုံးရမှုလည်း ဒီလောက်အထိ မြင့်တာလာစရာ မရှိပါဘူး။ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေ အနေနဲ့က အားနည်းချက်ရှိနေတဲ့ နေရာတွေကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့ ဘက်တော်သားတချို့လည်း ရပ်ကျေး၊ မြို့နယ်၊ ခရိုင်အဆင့်မှာ ရှိနေတာဖြစ်တဲ့အတွက် အကြမ်းဖက်လှုပ်ရှားမှုက အတိုင်းအတာတစ်ခုအထိ လွန်ကျူးသွားတယ်။
တပ်ချုပ်ကြီးသာ NLD ခေါင်းဆောင်များလို အာဏာသက်ဆိုးရှည်လိုမှုကို ရှေ့တန်းတင်ပြီး ဆန့်ကျင်ပုန်ကန်သူ မှန်သမျှကို NLD ကဲ့သို့ ဖမ်းဆီးထောင်ချထားမယ်ဆိုရင် လွတ်ငြိမ်းမှာ အကြမ်းဖက်လှုံ့ဆော်သူတွေ ပါလာစရာ အကြောင်းမရှိပါဘူး။ တခါတလေ တပ်ချုပ်ကြီးရဲ့ ဆောင်ရွက်ချက်တွေအပေါ် NLD တွေရဲ့ ထောက်ခံမှုကို ရလိုခြင်းကြောင့် အခုလိုတွေများ လုပ်နေသလားလို့ အတွေးလွဲမိပါတယ်။ ဒီလိုတွေးခြင်းဟာလည်း မမှန်ကန်ပါဘူး။ တိုင်းရင်းသားပြည်သူများအပေါ် ကျောသားရင်သားမခွဲခြားဘဲ စောင့်ရှောက်ရမယ့် သူ့ရဲ့တာဝန်ကို မတိမ်းစောင်းစေဘဲ တာဝန်ထမ်းဆောင်နေခြင်းသာ ဖြစ်ပါတယ်။
တပ်မတော်က KIA စခန်းကို ရှင်းလင်းတယ်။ ကရင်ပြည်မှာလည်း အကြမ်းဖက်လှုပ်ရှားနေတဲ့ အဖွဲ့တွေကို ရှင်းလင်းမှုတွေ လုပ်လာတဲ့အခါမှာ တပ်ကပဲ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေသယောင် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လက်ပါးစေ နိုင်ငံရေးသမားတွေနဲ့ ပြည်ဖျက်မီဒီယာအုပ်စုက အူလာကြပါတော့တယ်။ တပ်မတော်အနေနဲ့ နစကအစိုးရအနေနဲ့ လက်ပါးစေနိုင်ငံရေးသမားတွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ လှုံ့ဆော်မှုနောက်မှာ လိုက်ပါဆောင်ရွက်ခြင်းမပြုကြဖို့ အပြုသဘောဆန်ဆန် ဖျောင်းဖျခဲ့တဲ့ ကာလဟာ လိုတာထက် ပိုသွားခဲ့ပါပြီ။ အပြုသဘောဆန်ဆန် အမှန်တရားတွေကို ချပြရှင်းလင်းခဲ့တာကို နားမဝင်ဘဲ (အသိတရားမရဘဲ) ဆင်ကန်းတောတိုး မိုက်မဲနေကြသူတွေကို ဒီထက်ပိုပြီး အခွင့်အရေးပေးအုံးမယ်ဆိုရင် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေ သောင်းနဲ့ချီပြီ သေဆုံးရလိမ့်မယ်။ တိုင်းပြည်ရဲ့ ရှေ့လုပ်ငန်းစဉ်တွေလည်း ဘာမှ အကောင်အထည်ဖော်နိုင်မှာ မဟုတ်တော့ဘူး။
တပ်ချုပ်ကြီးဟာ အာဏာရှင်မဟုတ်ပါဘူး။ ဒီမိုကရေစီ ဆိုတာကို ပါးစပ်ဖျားက မချအော်ပြီး အာဏာရမ္မက်ထနေတဲ့ NLD ပြည်ဖျက်အုပ်စုသာ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ သဘောနဲ့ ဒီမိုကရေစီမဆန်တဲ့ အာဏာရှင်လုပ်ရပ်ကို ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်ရပ်တွေဟာ တော်လှန်ရေးမဟုတ်ပါဘူး။ သူတို့ကို မထောက်ခံတဲ့ ရဟန်းရှင်လူပြည်သူမှန်သမျှကို ရက်စက်စွာ သတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ ယုတ်မာရိုင်းစိုင်းလွန်းသော အကြမ်းဖက်လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။ NLD ပြည်ဖျက် အာဏာရူးတွေက တပ်ချုပ်ကြီးကို အာဏာရှင်လို့ မည်သို့ပင် လုပ်ကြံဖန်တီးပြီး ဝါဒဖြန့်ပြောဆိုနေစေကာမူ တပ်ချုပ်ကြီးရဲ့ ရပ်တည်ချက်၊ လုပ်ဆောင်ချက်တွေကို အဂတိတရားကင်းရှင်းစွာနဲ့ ပြန်လည်သုံးသပ်မယ်ဆိုရင် မေတ္တာရှင်လို့ တင်စားရမယ့် ရပ်တည် ဆောင်ရွက်ချက်တွေပဲ ဖြစ်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment