မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ မန္တလေးနို့ချက်စက်ရုံ စမ်းသပ်လည်ပတ်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ မန္တလေးနို့ချက်စက်ရုံ စမ်းသပ်လည်ပတ်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး




MNP ၊ နိုဝင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ပိုင် မန္တလေးနို့ချက်စက်ရုံ ပြန်လည်လည်ပတ်နိုင်ရေး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုပ်လုပ်ရေးသမဝါယမအသင်းလီမိတက်တို့ အကျိုးတူပူးပေါင်း၍ စက်ရုံအကြီးစားပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေ၊ ကုန်ကြမ်းရရှိမှုအခြေအနေ၊ နို့ချက်စက်ရုံစမ်းသပ်လည်ပတ်ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးကြသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် မန္တလေးနို့ချက်စက်ရုံသို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ရှိသူများက စက်ရုံအကြီးစား ပြင်ဆင်ခဲ့မှုအခြေအနေ၊  စမ်းသပ်လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး စက်ရုံအတွင်း နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်၊ နို့ဒိန်ချဉ်၊ နွားနို့အဆင့်ဆင့် စမ်းသပ်ထုတ်လုပ်နေမှုကို ကြည့်ရှုစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။


မန္တလေးနို့ချက်စက်ရုံ  စွမ်းအားပြည့်ထုတ်လုပ်မည်ဆိုပါက တစ်ရက်လျှင် နို့ဆီဘူး (၁၀၀၀၀)၊ နို့စိမ်းဘူး (၅၀၀၀)ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ယခုအခါ ကုန်ကြမ်းရရှိမှုအခြေအနေအရ တစ်ရက်လျှင် နိုဆီ၊ နို့စိမ်းဘူး (၆၀၀၀)သာ စမ်းသပ်ထုတ်လုပ်လျက်ရှိကာ နို့ဆီဘူးများ၊ နို့စိမ်းဘူးများ၊ နို့မှုန့်ထုပ်အထုပ်ကြီး၊ အထုတ်သေး အမျိုးမျိုး၊ နို့ဒိန်ချဉ် ဘူးကြီး၊ ဘူးလတ်၊ ဘူးသေး အမျိုးမျိုး၊ နွားနို့ဘူးကြီး ဘူးလတ်၊ ဘူးသေးအမျိုးမျိုးကို  ပြင်ပပေါက်ဈေးထက် သက်သာချိုသာသောဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် မကြာမီ စက်ရုံအားဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး) သို့ရောက်ရှိပြီး  ဆရာ၊ ဆရာများ၊ ကျောင်းသား ကျောင်းသားများ၏ လိုအပ်ချက်များကို ဆွေးနွေးမေးမြန်း၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကညွတ်သရုပ်ပြစိုက်ခင်း၊ သရုပ်ပြမွေးမြူရေးခြံများကို ကြည့်ရှုစစ်ဆေးသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)