မယ်စဲ့မြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မယ်စဲ့မြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပ



MNP - နိုဝင်ဘာ  ၁၆


ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေ့ဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ် က ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအပြင် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပြီးနောက် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီအတွင်းရေးမှူး၊ မြို့နယ်လူမှုဝန်ထမ်းရုံး ဦးစီးအရာရှိ ဒေါ်သန္တာမြင့် က ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ အခြေခံပညာကျောင်းများတွင် အသိပညာပေးနေမှု လုပ်ငန်းများကို ဆွေးနွေးတင်ပြသည်။


ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက ကော်မတီအဖွဲ့မှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - ဝတ်ရည်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)