အမ်းမြို့နယ်၌ လိုင်စင်မဲ့ဆိုင်ကယ်များ ယာဉ်လိုင်စင်ပြုလုပ်ပေးခြင်းနှင့် သက်တမ်းတိုးဆောင်ရွက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမ်းမြို့နယ်၌ လိုင်စင်မဲ့ဆိုင်ကယ်များ ယာဉ်လိုင်စင်ပြုလုပ်ပေးခြင်းနှင့် သက်တမ်းတိုးဆောင်ရွက်လျက်ရှိ




MNP ၊ နိုဝင်ဘာ  ၃၀

ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်အတွင်းရှိ မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား One Stop Service (OSS)ဖြင့်မှတ်ပုံတင်ပြုလုပ်ပေးခြင်းနှင့် ဆိုင်ကယ် မော်တော်ယာဉ်များအားသက်တမ်းတိုး ဆောင်ရွက်ပေးခြင်းကို  ယမန်နေ့ က စတင်၍ အမ်းမြို့ရွေအမ်းတောင်ခန်းမ၌ဆောင်ရွက်ပေးလျက်ရှိပါသည်။


အဆိုပါလိုင်စင်မဲ့ဆိုင်ကယ်များအားယာဉ်လိုင် စင်ပြု လုပ်ပေးခြင်းနှင့် (၅)နှစ်အောက်သက်တမ်းတိုးဆောင်ရွက်မည့်  မော်တော်ဆိုင်ကယ် နှင့်မော် တော်ယာဉ်များအား ရွှေအမ်းတောင်ခန်းမ၌ One Stop Service (OSS)ဖြင့်ရခိုင် ပြည်နယ်ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားရေးမှူးဦးစီးဌာနမှ ဦးဆောင်၍  နံနက် ၉ နာရီအချိန်မှ ညနေ ၅ နာရီအချိန်ထိ၎င်း

ရက်သတ္တ.နှစ်ပတ်ထိ  မှတ်ပုံတင်မဲ့မော်တော်ဆိုင် ကယ်များအား မှတ်ပုံတင်ပြုလုပ်ပေးခြင်းနှင့် သက် တမ်းပြတ်( ၅)နှစ်အောက် မော် တော်ဆိုင်ကယ်များ၊ မော်တော်ယာဉ်များအားသက် တမ်းတိုးဆောင်ရွက်ခြင်း ယာဉ်မောင်းလိုင်စင် ပြုလုပ်ပေးခြင်းနှင့် သက်တမ်းတိုးဆောင်ရွက်သူများဖြင့်ပြုလုပ်လျက်ရှိရာ  အဆင်ပြေချောမွေ့ စွာဆောင်ရွက်နိုင်ရေးအတွက်ဆောင်ရွက်ထားရှိမှုများအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်  မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌဦးစိုးမင်းထက် နှင့်အဖွဲ့ဝင်များက သက်ဆိုင်ရာ  ဌာနအလိုက်ဆောင်ရွက်နေမှုများအားလှည့်လည်ကြည့်ရှုကာ ယာဉ်လိုင်စင်နှင့်ယာဉ်သက်တမ်းတိုးဆောင်ရွက်မည့်သူ များအားလိုအပ်သည်များအားမှာကြားခဲ့ကြောင်းသိရသည်။


အဆိုပါမှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ပြုလုပ်ပေးခြင်း၌ ကညန မှ မှတ်ပုံတင်ဆောင်ရွက်ခ (၃၁၉၀၀)ကျပ်၊ မြန်မာ့အာမခံ လုပ်ငန်းအာမခံကြေး(၄၁၅၀)ကျပ် မြို့နယ်စည်ပင်သာယာမှ ဘီးခွန်ကြေး(၃၀၀၀)ကျပ် ဘဏ်ငွေသွင်းချလန်ကြေး (၅၀၀)ကျပ် နှင့် နိုင်ငံထုတ် မော်ဒယ်အမျိုးအစားအလိုက် ပေးသွင်းရမည့်  ဒဏ်ကြေးများလည်းအခွန်ပေးသွင်းနိုင်ရန် ၎င်းနေရာ၌ဆောင်ရွက်ထားကြောင်း သိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost 

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)