သီပေါမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များ လက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

သီပေါမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များ လက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းများ ဆောင်ရွက်

 


MNP - နိုဝင်ဘာ  ၃၀


ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များ လက်ဝယ်အရောက် သွားရောက် ငှားရမ်းပေးခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ မွန်းလွှဲ(၂)နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် သမဝါယမဦးစီးဌာန၊ အခွန်ဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာန  များသို့ ယခင် ငှားရမ်း ပေးထားသောစာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး ယခုအပတ်တွင် သုတ၊ ရသ စာအုပ်များကို ထပ်မံပြန်လည်ငှားရမ်းပေးခဲ့သည်။ ထိုသို့ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းကိုသိရှိစေရန် ရည်ရွယ်၍ သွားရောက် ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။


ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို သီပေါမြို့နယ် ပြန်/ဆက် ဝန်ထမ်းများက အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့များတွင် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များနှင့် ကျောင်းများသို့ အလှည့်ကျ သွားရောက် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ခင်လေး


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)