မြိတ်မြို့တွင် မျက်စိဝေဒနာရှင်များအား စမ်းသပ်ကုသဆောင်ရွက်ပေးနေမှုနှင့် သီတဂူ ဇီဝိတဒါန စက္ခုဒါန ဆေးရုံ‌တော်ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့တွင် မျက်စိဝေဒနာရှင်များအား စမ်းသပ်ကုသဆောင်ရွက်ပေးနေမှုနှင့် သီတဂူ ဇီဝိတဒါန စက္ခုဒါန ဆေးရုံ‌တော်ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး



MNP - နိုဝင်ဘာ   ၁၆


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ တပ်ပြင်ရပ် စပါးရွှေဝါလမ်းရှိ သီတဂူဇီဝိတ စက္ခုဒါနဆေးရုံတော်တွင် ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများအား သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ သီတဂူဆရာတော် ဦးဆောင်မှုဖြင့် မျက်စိခွဲစိတ်အထူးကုဆရာဝန်ကြီးများအဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် မျက်စိရောဂါ ဝေဒနာများကို စတင်စမ်းသပ်စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိသည်။


မျက်စိရောဂါဝေဒနာများအား စမ်းသပ်ခွဲစိတ်ကုသပေးရန်အတွက် ကမ္ဘာ့သာသနာပြု ရွှေကျင်နိကာယ သာသနာပိုင်၊ နိုင်ငံတော်ဩဝါဒါစ ရိယ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူ ဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂ မဟာပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ၊ သီတဂူ ဆရာတော်ကြီး ဒေါက်တာအရှင် ဉာဏိဿရ အရှင်သူမြတ်သည် မျက်စိအထူးကုဆရာဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့သို့ကြွရောက်လာခဲ့သည်။


 သီတဂူ ဇီဝိတဒါန, စက္ခုဒါန ဆေးရုံတော်တွင် ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများ၏ မျက်စိရောဂါ ဝေဒနာများကို အမြင်စမ်းသပ်ခန်း၊ မျက်တွင်းမှန်တိုင်းခြင်း၊ ရေချိန်တိုင်းခြင်း၊ မျက်စိအထူးကု ဆရာဝန်ကြီးများမှ မျက်စိစမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်နေမှုမျာအား သီတဂူ ဆရာ တော်ကြီးနှင့်အတူ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့ကြပြီး မျက်စိဝေဒနာရှင်များအား ဆရာတော်ကြီးမှ အားပေးစကားများ မိန့်ကြားသည်။


ထို့နောက်ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက မြိတ်မြို့ သီတဂူ ဇီဝိတဒါနစက္ခုဒါနဆေးရုံတော်ကြီး ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ သီတဂူ ဇီဝိတ စက္ခုဒါနဆေးရုံတွင် မျက်စိရောဂါ ဝေဒနာများကို စမ်းသပ် ခွဲစိတ်ကုသပေးမည့် ဆေးရုံခွဲစိတ်ခန်း နားနေဆောင် အဆောက်အဦများ ပြင်ဆင်ထားရှိပြီး  မျက်စိခွဲစိတ်ကုသ ပေးမည့်စက်(၃)စုံ၊ ခွဲစိတ်ကုတင် (၄)လုံး၊ ရေတိမ်စမ်း သပ်စက်(၁)လုံး၊ ပါဝါစမ်းသပ်စက်(၁)လုံး၊ မျက်စိအခြားရောဂါ စမ်းသပ်စက် (၁)လုံးတို့ဖြင့် မျက်စိရောဂါ ဝေဒနာ ရှင်များအား အထူးကုဆရာဝန်ကြီးများမှ စမ်းသပ်စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မျက်စိရောဂါဝေဒနာများကို ဆေးကုသမှုခံယူရန် စာရင်းပေးထားရှိသူ(၁၇၀၀)ဦးကျော်ရှိကြောင်း သိရသည်။


သတင်း - ခိုင်ထူး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)