မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ဖြင့် အကောင်အထည် ဖော်ခဲ့သည့် သိုလှောင်ရုံနှင့် အသိပညာပေးစင်တာ ဖွင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ဖြင့် အကောင်အထည် ဖော်ခဲ့သည့် သိုလှောင်ရုံနှင့် အသိပညာပေးစင်တာ ဖွင့်ပွဲ အခမ်းအနားကျင်းပ




MNP ၊ နိုဝင်ဘာ ၂၉ 

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၁) ဖြင့် အကောင်အထည်ဖော်ခဲ့သည့် ပင်းတယမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သိုလှောင်ရုံနှင့် အသိပညာပေးစင်တာ ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ပင်းတယမြို့၌ ကျင်းပသည်။


ဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်အဖွဲ့ဝင်များ၊  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မဲခေါင်-လန်ချန်းပူပေါင်း ဆောင်ရွက်မှုပူးပေါင်း ညှိနှိုင်းရေးအဖွဲ့ (မြန်မာ)ဒုတိယဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇေယျာထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီးဒေါက်တာဇမ်ဇီဟုမ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဖွင့်ပွဲအခမ်းအနားကို စတင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က သိုလှောင်ရုံနှင့် အသိပညာပေးစင်တာကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီးနှင့် မဲခေါင်-လန်ချန်း ပူပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ)ဒုတိယဥက္ကဋ္ဌတို့က မြို့နယ် သိုလှောင်ရုံနှင့် အသိပညာပေးစင်တာရုံး ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများက ကမ္ဗည်းမှတ်တမ်းကို  အမွှေးနံ့သာရည်ဖြင့်ပက်ဖြန်းကာ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။


ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည် နယ်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ သံမှူးကြီး၊ မဲခေါင်-လန်ချန်းပူပေါင်း ဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ)ဒုတိယဥက္ကဋ္ဌတို့က အမှာစကား ပြောကြား ကြသည်။


ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး ဒေါက်တာဇမ်ဇီဟုမ်တို့က အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ကြပြီး ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် အဖွဲ့ဝင်များသည် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော ပင်းတယမြို့ မူလတန်းကြိုကျောင်းသို့ရောက်ရှိကြရာ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးနှင့် တာဝန်ခံကျောင်းအုပ်တို့က ကလေး(၁၀၀)ဦး လက်ခံသင်ကြား ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)