ရန်ကုန်မြို့မှ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးအဖွဲ့ သံတွဲဆေးရုံ၌ အခမဲ့ဆေးကုသ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်မြို့မှ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးအဖွဲ့ သံတွဲဆေးရုံ၌ အခမဲ့ဆေးကုသ



MNP ၊  နိုဝင်ဘာ ၃၀

ရန်ကုန်မြို့မှ ပါမောက္ခဌာနမှူး(ငြိမ်း) သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာစောကလယ်ခူ  ဦးဆောင်သည့်အထူးကု ဆရာဝန်ကြီးများအဖွဲ့ သည် ယမန်နေ့က လေကြောင်းခရီးဖြင့် သံတွဲမြို့သို့ရောက်ရှိပြီး ခရိုင်ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီး၌ သားဖွားမီးယပ်နှင့် ပတ်သက်သောလူနာများအား အခမဲ့ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အဖွဲ့တွင် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး(၂)ဦး၊ မေ့ဆေးအထူးကုဆရာဝန်ကြီး (၁)ဦးပါရှိပြီး  သံတွဲ ၊ တောင်ကုတ်၊ ဂွမြို့နယ်တို့မှ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက် ဆရာဝန်များနှင့်ပူးပေါင်း၍ သံတွဲဆေးရုံမှ သားဖွားမီးယပ်နှင့်ပတ်သက်သောရောဂါခံစားနေရပြီး ဆေးကုသမှုစရိတ်မတတ်နိုင်သဖြင့် ရန်ကုန်မြို့သို့ခွဲစိတ်ကုသရန်မသွားရောက်နိုင်သည့်  သားဖွား မီးယပ်လူနာ (၁၆)ဦးတို့အား အခမဲ့ခွဲစိတ်ကုမှုများဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

ထို့အပြင် သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးအဖွဲ့သည် နိုဝင်ဘာ ၃၀ ရက်နေ့တွင် တောင်ကုတ်မြို့သို့ သွားရောက် ဆေးကုသမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နှစ်စဉ်လာရောက် ဆေးကုသမှုများဆောင်ရွက်ပေးလျက်ရှိရာ ယခုအကြိမ်သည် တတိယအကြိမ်မြောက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ခရိုင်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းထွန်းထံမှ သိရှိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)