Pages

Pages

ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ Mr. Fumio USUI နှင့် အဖွဲ့ကို လက်ခံတွေ့ဆုံ


MNP ၊ နိုဝင်ဘာ ၂၉

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေး အသင်းဥက္ကဋ္ဌ Mr. Fumio USUI နှင့် အဖွဲ့ကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် တိုင်းရင်းသား လူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာကိစ္စ၊ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ် များနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق