အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့ ADMM-Plus EWG on CT အစည်းအဝေးကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့ ADMM-Plus EWG on CT အစည်းအဝေးကျင်းပပြုလုပ်




MNP ၊ ဒီဇင်ဘာ ၇

မြန်မာ-ရုရှား ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော အာဆီယံ အပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် စီမံကိန်းရေးဆွဲရေးအစည်းအဝေး (Middle Planning Conference) ကို ဒီဇင်ဘာလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ Video Teleconferencing (VTC) စနစ်ဖြင့် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး ဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်အောင်မျိုးသန့်နှင့် ရုရှားနိုင်ငံမှ ပူးတွဲ ဥက္ကဋ္ဌ Vice-Admiral Berezovsky D.V တို့က နှုတ်ခွန်းဆက်စကားများပြောကြားပြီး အာဆီယံအပေါင်းအကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များအား ပူးပေါင်းဆောင်ရွက်နိုင်ရန် အာဆီယံနိုင်ငံများ၊ ဆွေးနွေးဘက်နိုင်ငံများအကြား ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ်အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။


အစည်အဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဆွေးနွေး ဘက်နိုင်ငံများဖြစ်သော ရုရှား၊ တရုတ်၊ အိန္ဒိယတို့မှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြ သည်။


မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)