Pages

Pages

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ Bank Of China ပညာသင်ဆုပေးအပ်ပွဲ အခမ်းအနား တက်ရောက်၊ Thai Business Association of Myanmar ၏ President ဦးဆောင်သည့်အဖွဲ့ကို အလုပ်သဘောတွေ့ဆုံ



MNP ၊ ဒီဇင်ဘာ ၁၀

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Bank of China (Hongkong) Yangon Branch နှင့် တရုတ်နိုင်ငံဆင်းရဲနွမ်းပါးမှု လျှော့ချရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာ (CPPA Myanmar Office) တို့ပူးပေါင်း၍ Bank Of China ပညာသင်ဆုပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပသည်။


အခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့်အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ Counsellor ၊ ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် Bank of China (Hongkong) Yangon Branch မှ တာဝန်ရှိသူများ တက်ရောက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီးတို့က အမှာစကားပြောကြားကြသည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက Bank of China အနေဖြင့် ဘဏ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသာမက ပညာရေး၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးတို့တွင် ပံ့ပိုးလုပ်ဆောင်နေသည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာနိုင်ငံအစိုးရဌာနများနှင့် ယခုလို ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အဓွန့်ရှည်တည်တံ့စေရန် အထောက်အပံ့ ကောင်းများဖြစ်သဖြင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းပြီး အောင်မြင်မှုများ ရရှိစေမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ပညာသင်ဆုချီးမြှင့်ခြင်းအစီအစဉ်ကို ဆက်လက်လုပ်ဆောင်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


အလားတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် မွန်းလွဲ ၃ နာရီခွဲတွင် Thai Business Association of Myanmar ၏ President ဖြစ်သူ Mr. Nuttaphong Visitkitchan ဦးဆောင် သည့်အဖွဲ့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ၌ တွေ့ဆုံ၍ မြန်မာနိုင်ငံရှိ ထိုင်းလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု၊ ထိုင်းဘတ်နှင့် မြန်မာကျပ် သုံးစွဲ၍ နယ်စပ်ကုန်သွယ်မှုကိစ္စရပ်များကို ဆွေးနွေးသည်။


အဆိုပါ ဆွေးနွေးပွဲသို့ ထိုင်းဗဟိုဘဏ်မှ Payment ဆိုင်ရာ တာဝန်ရှိသူ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူးတို့က Online ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق