ဆီဆိုင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီဆိုင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်

 


MNP - ဒီဇင်ဘာ ၇


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက သင်တန်းသား၊ သင်တန်းသူများအား သင်တန်း၌ စာတွေ့ လက်တွေ့ သင်ကြားရာတွင် တတ်မြောက်အောင်သင်ယူကြရန်၊ သင်ယူတတ်မြောက်၍ သင်တန်းပြီးသွားပါက မိမိတို့တတ်ထားသည့်ပညာကို အသုံးချ၍ တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ် ထုတ်လုပ်ရောင်းချနိုင်အောင် ကြိုးစားကြရန်နှင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာ တတ်မြောက်ထားသော်လည်း အရင်းအနှီးမရှိပါက မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေမှ မတည်ထုတ်ချေးပေးမည်ဖြစ်ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းမရှိသည့် ကျေးရွာမှ သင်တန်းသား၊ သင်တန်းသူများကိုလည်း  ရင်းနှီးရန်ပုံငွေရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး    ဆီဆိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင် ဦးခွန်အောင်ကျော်မြင့်တို့က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက်  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးမှူး ဒေါ်လွင်လွင်ဦးက သင်ထောက်ကူပစ္စည်းများပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများ၏ကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူသည်။


အဆိုပါ သင်တန်းတွင် ဆပ်ပြာရည်အမျိုးမျိုး၊ ခေါင်းလျှော်ရည်အမျိုးမျိုးနှင့် ဆပ်ပြာခဲအမျိုးမျိုးတို့ကို နောင်ကျောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၉)ရွာမှ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးတို့အား ယမန်နေ့မှ ဒီဇင်ဘာ(၁၁)ရက်နေ့အထိ စာတွေ့၊ လက်တွေ့ အခမဲ့ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မျိုးမြတ်


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)