အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး (၁၆)ရက်တာလှုပ်ရှားမှုဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး (၁၆)ရက်တာလှုပ်ရှားမှုဆွေးနွေးပွဲ ကျင်းပ

 



MNP - ဒီဇင်ဘာ ၇


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌  အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတာဆီး ကာကွယ်ရေး (၁၆)ရက်တာလှုပ်ရှားမှု ဆွေးနွေးပွဲကို  ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပသည်။


 ရှေးဦးစွာ စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က ဦးဆောင်၍  အကြမ်းဖက်မှုအပေါ် ပြစ်ဒဏ်ကင်းလွတ်ခွင့် အလေ့အထများ အမြစ်ပြတ်စေရန် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အကြမ်းဖက်မှုအဆုံးသတ်စေရန် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အကြမ်းဖက်မှုများ လျော့ချရန်နည်းလမ်းများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အကြမ်းဖက်ခံရသူနှင့် အကြမ်းဖက်မှု၏ ဆိုးကျိုးများခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့သည်။


အဆိုပါဆွေးနွေးပွဲသို့ အမျိုးသမီး(၁၀)ဦး တက်ရောက်ခဲ့ပြီး  သိရှိလိုသည်များ မေးမြန်းကြရာ စာရေးဆရာမသက်သက်နွယ်က ပြန်လည် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်မျိုးဝင်း


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)