ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများ ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည် ဝင်ရောက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများ ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည် ဝင်ရောက်လျက်ရှိ


MNP ၊ ဒီဇင်ဘာ ၃

ကရင်ပြည်နယ်အတွင်းရှိ ‌‌ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်တို့အား  KNU၊ KNLA  မှ အကြမ်းဖက်မှုကို လိုလားသောအဖွဲ့၊ NUG အဖွဲ့ နှင့် ၎င်း၏လက်ဝေခံ PDF အမည်ခံအကြမ်း ဖက်သမားများက ၂၀၂၂ မေလမှ စတင်ထိန်းချုပ်၍ အဆိုပါ ဒေသတစ်ဝိုက်ရှိ လူနေအိမ်များ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင် ကျောင်းများအတွင်း ဝင်ရောက်နေထိုင်ကာ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်းများကြောင့် ဒေသခံတိုင်းရင်းသားများ အနေဖြင့် ဘေးလွတ်ရာ နေရာများသို့ ခေတ္တထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။


အဆိုပါ ဒေသတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၂၈ ရက်မှစ၍ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းမှု ရှိသည့်အတွက် ထွက်ပြေးတိမ်း ရှောင်နေသည့် အပြစ်မဲ့ပြည်သူများအား ပြန်လည်နေထိုင်နိုင်ရေးအတွက် တယ်လီဖုန်း များဖြင့်လည်းကောင်း၊ အသံချဲ့စက်များဖြင့် မြန်မာဘာသာ၊ ကရင်ဘာသာ စကားများ ဖြင့်လည်းကောင်း အသိပေးနှိုးဆော်၍ ပြန်လည်ဖိတ်ခေါ်ခြင်းနှင့် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးမှုများကြောင့် အေးချမ်းစွာပြန်လည်နေထိုင်လိုသည့် ခေတ္တ ထွက်ပြေးတိမ်းရှောင် နေသည့် ဒေသခံတိုင်ရင်းသားများမှာ ဝမ်းသာအားရဖြင့် ပြန်လည်ဝင်ရောက်လျက်ရှိရာ ယနေ့တွင် သေဘောဘိုးကျေးရွာသို့ အမျိုးသား ၁၈၉ ဦး၊ အမျိုးသမီး ၁၉၉ ဦး၊ ဘလက်ဒိုကျေးရွာသို့ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၆ ဦး၊ ထပ်မံဝင်ရောက်လာခဲ့ပြီး  နိုဝင်ဘာ ၂၈ ရက်မှ ယနေ့ထိ သေဘောဘိုးကျေးရွာနှင့် ဘလက်ဒိုကျေးရွာများသို့ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံတိုင်းရင်းသား အမျိုးသား ၄၈၃ ဦး၊ အမျိုးသမီး ၅၁၃ ဦး၊ စုစုပေါင်း ၉၉၆ ဦး ရှိပြီဖြစ်ကြောင်း သိရှိရ သည်။


အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက နေ့ညမပျက် ပြန်လည်ကြိုဆို၍ စနစ်တကျလက်ခံလျက်ရှိပြီး ဆန်နှင့် စားသောက်ဖွယ်ရာများ၊ လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)