ကျောက်ဖြူမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ





MNP ၊  ဒီဇင်ဘာ  ၁

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၃) အခြေခံပညာအထက် တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။ 


အဆိုပါအထိမ်းအမှတ်နေ့အကြို အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ တွင် “ ရခိုင်ပြည်နယ်သာယာဖို့ တို့တွေအားလုံးကြိုးပမ်းစို့ ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “ ရခိုင်ပြည်နယ် တိုးတက်ရေးနှင့် လူငယ်တာဝန် ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အခြေခံပညာအထက်တန်းအဆင့် ပန်းချီပြိုင်ပွဲ တွင် “ သာစွာဌာန ရခိုင်ပြည်နယ် ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အခြေခံပညာအလယ်တန်း အဆင့် ပန်းချီပြိုင်ပွဲတွင် “ ပညာရေးဖြင့် ခေတ်မီတိုးတက်နေသော ရခိုင်ပြည်ကြီးကို တည်ဆောက်စို့ ” ခေါင်းစဉ်တို့ဖြင့် ပြိုင်ပွဲဝင် ကျောင်းသား ၂၃ ဦး၊ ကျောင်းသူ ၃၃ ဦး စုစုပေါင်း ၅၆ တို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ တာဝန်ကျဆရာ၊ ဆရာမများက အနီကပ်ကြီးကြပ် ဆောင်ရွက် ပေးလျက်ရှိသည်။  


၎င်းပြိုင်ပွဲဝင် အထက်တန်း၊ အလယ်တန်းမှ ကျောင်းသား၊ ကျောင်းသူများ၏ စာစီစာကုံး နှင့် ပန်းချီများအား မြို့နယ်အဆင့်ဆုရွေးခြယ်ရေးအဖွဲ့မှ ရွေးခြယ်ခြင်းခံရသည့် အကောင်းဆုံး အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးတစ်ပုဒ်စီနှင့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲမှ အကောင်းဆုံး ပြိုင်ပွဲဝင်ပန်းချီ တစ်ဦးစီ၏ ပန်းချီများအား ရွေးခြယ်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံပေးပို့၍ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် (၁၇)မြို့နယ် ထဲမှ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများကို ပြည်နယ်မှ ထပ်မံစိစစ်ရွေးခြယ်ပြီး ဆုများပေး အပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။ 


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)