တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (အလွတ်တန်း)မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (အလွတ်တန်း)မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ




MNP - ဒီဇင်ဘာ ၆


၂၀၂၃ခုနှစ်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ(အလွတ်တန်း) မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉:၀၀)နာရီအချိန်က တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်၊ ပဒေသာအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် ရှေးဦးစွာ အမျိုးသမီးဗန်တိုတိုက်ပြိုင်ပွဲ၊ အမျိုးသားဓား(၁)လက်တိုက်ပြိုင်ပွဲ၊ အမျိုးသား ဗန်တိုအတိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်ကြပြီး မြန်မာ့သိုင်းသရုပ်ပြအဖွဲ့များမှ တစ်ဦးချင်း၊ တစ်ကိုယ်တော် ပညာစဉ်ပြသခြင်း၊ ဓား(၂)လက်တိုက်စွမ်းရည်ပြသခြင်း၊ လှံရှည်စွမ်းရည် ပြသခြင်း၊ (၃+၁)ကိုယ်ခံပညာသရုပ်ဖော်ပြသခြင်းတို့ဖြင့် တင်ဆက်ခဲ့ပြီး‌နောက် မြန်မာ့သိုင်း သရုပ်ပြအဖွဲ့များအား သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးလွင်မှ ဂုဏ်ပြု ဆုငွေ(၂၀၀၀၀၀)ကျပ်အား ချီးမြှင့်ရာ သိုင်းအဖွဲ့နည်းပြမှ လက်ခံရယူခဲ့ပြီး ဗန်တိုအတိုက်ပြိုင်ပွဲ၊ ဓား(၁)လက်၊ဓား(၂)လက်အတိုက်ပြိုင်ပွဲ၊ လှံရှည်၊တုတ်ရှည်ပညာစဉ်ပြပြိုင်ပွဲ၊ တစ်ကိုယ်တော် ပညာစဉ်ပြ သရုပ်ပြပြိုင်ပွဲတို့တွင် အနိုင်ရရှိခဲ့သော အားကစားမောင်မယ်များကို ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတဝန်ကြီး ဦးဇော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးညီညီမင်း၊ မြန်မာသိုင်းအဖွဲ့ချုပ်နာယကဆရာကြီး ဦးထိန်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးအောင်မိုး၊ သင်္ဃန်းကျွန်းခရိုင် ရဲတပ်ဖွဲ့မှူး၊ တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးတို့မှ ရွှေ၊ ငွေ၊ ကြေးတံဆိပ်များနှင့် ငွေသားဆုများ အသီးသီးချီးမြှင့်ခဲ့ကြပြီး၊ တစ်ဦးချင်းအမျိုးသား၊ အမျိုးသမီး အကောင်းဆုံးအားကစားသမားဆုများကို ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်ကလည်းကောင်း၊ အမျိုးသားအသင်းအလိုက် ပထမဆုကို ကြည့်မြင်တိုင်မြို့နယ်အသင်း၊ အမျိုးသမီးအသင်းအလိုက် ပထမဆုကို မင်္ဂလာဒုံမြို့နယ် အသင်းတို့အား တံခွန်စိုက်ဒိုင်းဆုဖလားနှင့် ငွေကျပ်(၄၀၀၀၀၀)တို့အားလည်ကောင်း၊ မင်္ဂလာဒုံ မြို့နယ်အသင်းအား စုပေါင်းတံခွန်စိုက် ဒိုင်းဆုဖလားနှင့် ဆုငွေကျပ်(၅၀၀၀၀၀)ကို ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ၊ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ နည်းစနစ်မှူးများနှင့် ဒိုင်လူကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အားကစားချစ်မြတ်နိုးသူမိဘပြည်သူများ တက်ရောက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)