MNP - ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ဖျာပုံမြို့နယ်၊ ကျုံကဒွန်း ကျေးရွာအုပ်စုနှင့် အနီးဝန်းကျင်ရှိကျေးရွာများမှပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာလုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က၊ ကျုံကဒွန်းကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဖျာပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူး ငွေမင်းထိုက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးဌေးနိုင်ဦးတို့က ကျေးရွာလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကိစ္စရပ်များ၊ ကျေးရွာအတွင်း နယ်မြေ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ရပ်မိရပ်ဖများ၊ပြည်သူ့စစ်အဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရန်၊ ရှင်းလင်းဆွေးနွေး ပြောကြားကြပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦးက ယခုကဲ့သို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများပူးပေါင်း၍ ကျန်းမာရေး၊ ပညာရေး၊ ဒေသလုံခြုံရေးကိစ္စရပ်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် မြို့နယ်လဝကမှ ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းပြုလုပ်ပေးခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားကြသည်။ ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့သက်ဆိုင်ရာ ဌာနအလိုက် ကျေးရွာနေ ပြည်သူများအား၊ ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်ပေးနေမှုများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးပြောကြားကြပြီး၊ တက်ရောက်လာကြသော ပြည်သူများက ကျေးရွာအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် အခက်အခဲများအား တင်ပြကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးပြောကြားကြကြောင်း သိရှိရသည်။
သတင်း - အောင်ဝင်းနိုင်
မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:
إرسال تعليق