ဆွမ်ပရာဘွမ်မြို့တွင် ကလေးငယ်များအား အာဟာရဖြည့် အစားအစာများ တိုက်ကျွေးခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆွမ်ပရာဘွမ်မြို့တွင် ကလေးငယ်များအား အာဟာရဖြည့် အစားအစာများ တိုက်ကျွေးခြင်း ဆောင်ရွက်

 



MNP - ဒီဇင်ဘာ  ၆


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကလေးငယ်များအား အာဟာရဖြည့် အစားအစာတိုက်ကျွေးခြင်း လုပ်ငန်းကို ယမန်နေ့နံနက် ၁၁နာရီခွဲအချိန်က အဆိုပါနေရာ ကျောင်းများ၌ တိုက်ကျွေးခဲ့ကြောင်း သိရှိရသည်။


ဆွမ်ပရာဘွမ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးကျော့နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ ပူးပေါင်း၍ ကလေးငယ်များအား အာဟာရပြည့်ဝပြီး ကျန်းမာစွာ ပညာသင်ကြားနိုင်ရန် ရည်ရွယ်ကာ ဆွမ်ပရာဘွမ်မြို့ အခြေခံပညာမူလတန်း (ကဘရန်ခူး)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ကက်သလစ် ဘုရားကျောင်းဝန်းနှင့် နှစ်ခြင်းဘုရားကျောင်းဝန်းတွင် ဖွင့်လှစ်ထားသည့် မူကြိုကျောင်းများမှ ကလေးငယ်များကို အာဟာရဖြည့် အစားအစာ ကြက်သားဆန်ပြုတ်ဖြင့် အဆိုပါကျောင်းများ၌ တိုက်ကျွေးခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)