မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်



MNP - ဒီဇင်ဘာ ၄


၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ်တွင် မသန်စွမ်းမှုဆိုင်ရာ အရေးကိစ္စတို့ကို ပြည်သူလူထုအတွင်း သဘောပေါက် နားလည်နိုင်စွမ်း မြှင့်တင်ပေးခြင်း၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ အခွင့်အရေးများ၊ ကောင်းကျိုးစီးပွားတို့အတွက် ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို  အစဉ်အလာမပျက် ကျင်းပလာခဲ့ရာ (၂၉) ကြိမ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ကြောင်း၊ မသန်စွမ်းမှုကို အကြောင်းပြုလို့ မသန်စွမ်းသူများကို ခွဲခြားဆက်ဆံခြင်း မပြုကြဖို့နှင့် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းရည်နှင့် စွမ်းဆောင်နိုင်မှုများကို အလေးထား အသိအမှတ် ပြုပေးကြဖို့ လိုအပ်ကြောင်း၊ မသန်စွမ်းသူများ ကိုယ်တိုင်ကလည်း “မသန်သော်လည်း စွမ်းပါသည် ” ဆိုတဲ့ စကားနှင့်အညီ ကဏ္ဍတိုင်းမှာ ဦးဆောင်ဦးရွက် ပြုနိုင်အောင် ကြိုးစား ကြပါလို့ မှာကြားလိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။


ထို့နောက် အမြင်အာရုံမသန်စွမ်းသူ ဦးထွန်းက “ခင်းဖွဲ့စုံညီ IDD” သီချင်းဖြင့် သီဆို‌‌ဖျော်ဖြေခြင်း၊ ကိုယ်အင်္ဂါ မသန်စွမ်းသူကိုမင်းမြတ်က ခြင်းလုံးအလှ ခတ်စွမ်းရည်ပြသခြင်း၊ မွန်ပြည်နယ် မသန်စွမ်းအလုပ်အမှုဆောင် ဦးသူရိန်မြင့်က မွန်ရိုးရာ မိကျောင်းတူရိယာဖြင့် တီးခတ်ဖျော်ဖြေခြင်း၊ ချောင်းဆုံမသန်စွမ်းအရင်းအမြစ်စင်တာမှ အမြင်အာရုံမသန်စွမ်းသူ ဦးအောင်ဌေးဝင်းက “မွေးမေကျေးဇူးဆပ်ဖူးချင်တယ်” တေးသီးချင်းဖြင့် ဖျော်ဖြေတင်ဆက် မှုအပေါ် ကြည့်ရှုအားပေးခဲ့ပြီး  ပြည်နယ်ဝန်ကြီးချုပ်မှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ မသန်စွမ်း အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆု ရရှိသူများကို တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း  သိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)