အကူသူနာပြု(ပြင်ပ)(၉)လသင်တန်းဆင်း အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အကူသူနာပြု(ပြင်ပ)(၉)လသင်တန်းဆင်း အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းတက်ရောက်



MNP - ဒီဇင်ဘာ   ၂


မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ဆေးရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် အကူသူနာပြုများကို အကူသူနာပြု(ပြင်ပ)(၉)လသင်တန်းဆင်း အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့သည်။


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းက မွန်ပြည်နယ်တွင် အများပြည်သူများကို ကျန်းမာရေးဝန်ဆောင်မှုပေးရာတွင် အဆင့်အတန်းပြည့်မီစွာဖြင့် စိတ်ကျေနပ်မှုရရှိစေအောင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်ဆေးရုံများအလိုက် လိုအပ်နေတဲ့တာဝန်ထမ်းဆောင်မည့် အကူသူနာပြုများကို လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုရှိလာအောင်၊ ပညာရပ်ပိုင်းဆိုင်ရာအရည်အသွေးမြင့်မားလာအောင် သင်တန်းများဖွင့်လှစ်ပို့ချသင်ကြားပြီး ပြည်နယ်အတွင်းသာမက အခြားတိုင်းဒေသကြီး၊ ပြည်နယ်များ၌ပါတာဝန်ထမ်းဆောင်လျက်ရှိသည်ကိုမြင်တွေ့ရကြောင်း၊ သင်တန်းတက်ရောက်အောင်မြင်ထားသူများထဲမှ အခြေခံပညာအထက်တန်းအောင်မြင်ထားသူများမှာဆိုရင်လည်း သူနာပြုဒီပလိုမာသင်တန်းသို့ ဆက်လက်တတ်ရောက်သင်ယူရန်အခွင့်အလမ်းများရရှိလာအောင် စီစဉ်ပေးထားကြောင်း၊ သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် ကျရာဒေသမှာ မိမိတို့တတ်မြောက်ထားတဲ့ အတတ်ပညာများဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ သင်တန်းထူးချွန်ဆုရရှိကြသည့် သင်တန်းသူ၊ သင်တန်းများကို ဆုများချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)