MNP ၊ ဒီဇင်ဘာ ၁၄
(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲများနှင့် အားကစားပြိုင် ပွဲများကို ယနေ့၊ နံနက်ပိုင်းကစ၍ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အားကစားကွင်းနှင့်မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခြံဝင်း၌ကျင်းပလျက်ရှိသည်။
မြို့နယ်အားကစားကွင်းတွင် အလွတ်တန်း(အမျိုးသား)ဘော်လီဘောပြိုင်ပွဲနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခြံဝင်းတွင် အလွတ်တန်း(အမျိုးသား) ပိုက်ကျော်ခြင်း ပြိုင်ပွဲတို့ကို ကျင်းပလျက်ရှိပြီး၊ ဘော်လီဘောပြိုင်ပွဲတွင် အသင်း (၆) သင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင်အသင်း (၈)သင်းတို့ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။
အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသည့် အားကစားသမားများကို ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် ကျင်းပမည့်(၄၈)နှစ် မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွင် ဆုများအသီးသီး ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost


ليست هناك تعليقات:
إرسال تعليق