MNP ၊ ဒီဇင်ဘာ ၁၃
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊လူမှုဝန်ထမ်းဦးစီး ဌာန၊ဘီးလင်းမြို့နယ်မှ မြို့နယ်အဆင့် ကလေး သူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးကို ဒီဇင်ဘာ ၁၃ ရက် နံနက် (၁၀)နာရီက ဘီးလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ ဘီးလင်းမြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးစည်သူအောင် က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ဘီးလင်းမြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်း ရေးမှူး၊ (လူမှုဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိ ) ဦးညီညီဝင်းက ကော်မတီအစည်းအဝေး ပြုလုပ် ရသည့် ရည်ရွယ်ချက်နှင့် မြို့နယ် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကော်မတီအနေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသော ကော်မတီ အဖွဲ့ဝင်များမှ မိမိဌာနအလိုက် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကို ပြန်လည် ဆွေးနွေးခဲ့ကြပြီး World Vision မှ စီမံချက် မန်နေဂျာ နော်သင်းစိန် က လေးသူငယ်အခွင့် အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် ပူးပေါင်း ကူညီ ဆောင်ရွက်ပေးနိုင်ရေးကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထူးနောင်
https://t.me/MyanmarNationalPost




ليست هناك تعليقات:
إرسال تعليق