MNP - ဒီဇင်ဘာ ၁
ကရင်ပြည်နယ်၊ ဘားအံခရိုင် လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့သည် ပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့စေရန်၊ ဒေသထွက်ကုန်သီးနှံနှင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မှု လွယ်ကူလျင်မြန်လာစေရန်ရည်ရွယ်၍ မြို့တွင်းလမ်းများအား ပြုပြင်ထိန်းသိမ်းခြင်း၊ ကွန်ကရစ်လမ်း အဖြစ် ခင်းခြင်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ မြို့တွင်းအမှတ် (၅) ရပ်ကွက် အတွင်းရှိ သရက်ပင်စုမှ အုတ်ဖိုလမ်းပိုင်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းမှာ ယခုအခါပြီးစီးသွားပြီဖြစ်၍ ပြည်သူများ၊ မော်တော်ယာဉ်များသွားလာ အသုံးပြုလျက်ရှိပြီဖြစ် ကြောင်း သိရသည်။
အဆိုပါလမ်းကို ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၆၀.၀၀) သန်းဖြင့် တည် ဆောက်ပေးခဲ့ပြီး အရှည် (၁၄၆၅) ပေ၊ အကျယ် (၁၂) ပေ၊ ထု (၆) လက္မရှိကြောင်း သိရသည်။
သတင်း - ခင်လေးနွယ်
မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:
إرسال تعليق