ကန်ပိုက်တီမြို့၌ မြို့တွင်းလမ်းနယ်သတ်မှတ်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကန်ပိုက်တီမြို့၌ မြို့တွင်းလမ်းနယ်သတ်မှတ်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

 



MNP - ဒီဇင်ဘာ  ၄


ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့၊ အမှတ် (၂)ရပ်ကွက်ရှိ ငြိမ်းချမ်းမြေခန်းမ‌ဆောင်၌ မြို့တွင်းလမ်းနယ် သတ်မှတ်ရေးညှိနှိုင်းအစည်းဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပခဲ့သည်။


ရှေးဦးစွာ ကန်ပိုင်တည်ဒေသတည်ငြိမ်ဖွံ့ရေးကော်မတီဥက္ကဋ္ဌ၊ လမ်းနယ်သတ်မှတ်ရေး ကော်မတီဥက္ကဋ္ဌ ဦးလန်းဂျောယိန်းဇုံးက ဝဏ္ဏကျော်ထင် ဦးဇခုန်းတိန့်ယိန်းထံမှ ပေးပို့သော လမ်းနယ်သတ်မှတ်ရေး မှာတမ်းစာကို ဖတ်ကြားပြီး မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးဦးအောင်ကျော်လွင်က လမ်းနယ်များ သတ်မှတ်ခြင်းဖြင့် မြို့အင်္ဂါရပ်နှင့် ညီညွတ်လာပြီး မြို့စည်ပင်သာယာလာမည်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။


အဆိုပါ အစည်းအဝေးသို့ ဒေသတည်ငြိမ် ဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ၊ လမ်းနယ်သတ်မှတ်ရေး ကော်မတီမှတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများစုစုပေါင်းအင်အား (၈၀)ဦး ခန့် တက်ရောက်‌ကြသည်။


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)