အမ်းမြို့၌ အခြေခံစားသောက် ကုန်နှင့်ဟင်းသီးဟင်း ရွက်များ သက်သာသောဈေးနှုန်းဖြင့် ရောင်း ချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့၌ အခြေခံစားသောက် ကုန်နှင့်ဟင်းသီးဟင်း ရွက်များ သက်သာသောဈေးနှုန်းဖြင့် ရောင်း ချပေးလျက်ရှိ



MNP ၊ ဒီဇင်ဘာ ၁၃

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌အနောက် ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန်အတွက် အပတ်စဉ် အခြေခံစားသောက် ကုန်ပစ္စည်းနှင့် ဟင်း သီးဟင်းရွက်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်း ချပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၃) ဈေးရပ်ကွက် အမ္ဗနဒီမြို့ဈေးကြီးရှေ့၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အခြေခံစားကုန်နှင့်ဟင်းသီးဟင်း ရွက်များအား သက် သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း နှင့်တာဝန် ရှိသူများ၊ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ကြသည်။

အဆိုပါ စားသောက် ကုန်နှင့်ဟင်းသီးဟင်း ရွက်များအား အမ်း တပ်နယ်မှတာဝန်ရှိသူများက ဆန်၊ ဆီ၊ ဝတ်သား၊ ကြက်သား၊  ဒေသကြက်၊ ငါးမြစ် ချင်း၊ ငါးတန်၊ ငါးမုတ် ၊ ကြက်ဥ၊  နွားနို့၊ ပဲ၊ အမဲသားစည်သွတ်ဘူး၊ ကြက်အာလူး၊ ငါးတန်အချိုပေါင်း၊ မျှစ်၊စားတော်ပဲဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းချဉ်ဘူး၊ ငါးသ လောက်ဘူး၊ သရက်သီးသနပ်ဘူး၊ ငါးပိ ကြော်၊  ကန်စွန်းရွက်၊ ချဉ်ပေါင် စသည့် အခြေခံ စားသောက် ကုန်ပစ္စည်းများနှင့် ဒေသထွက်ဟင်းသီးဟင်း ရွက်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်ချပေးလျက်ရှိရာ  ဈေးဝယ်သူ ဒေသခံပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)