ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာအုပ်စု၊ အင်ဂန်းကျေးရွာမှ မီးဘေးသင့် မိသားစုများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာအုပ်စု၊ အင်ဂန်းကျေးရွာမှ မီးဘေးသင့် မိသားစုများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့

 




MNP - ဒီဇင်ဘာ ၇


ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာအုပ်စု၊ အင်ဂန်းကျေးရွာ ၌ဒီဇင်ဘာ ၁ ရက်နေ့က ညပိုင်းတွင် မီးလောင်ဖြစ်ပွားခဲ့ရာ အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် မိသားစုဝင် (၇)ဦး မီးဘေးသင့်သေဆုံးခဲ့ရာ ကျန်ရစ်သူမိသားစုများအား ဒီဇင်ဘာ ၅ ရက် မွန်းလွဲ ၂ နာရီက ဝိုင်းမော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သွားရောက်အားပေးထောက်ပံ့ ခဲ့ကြသည်။


ထို့သို့ ထောက်ပံ့ရာတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က မီးဘေးသင့်မှု ကြောင့် မိသားစုဝင်များ သေဆုံးခဲ့ရသည့်အတွက် မိမိတို့အစိုးရအဖွဲ့အနေဖြင့် ထပ်တူထပ်မျှ ဝမ်းနည်း မိပါကြောင်း၊ ယနေ့ မိမိတို့အစိုးရအနေဖြင့် ပြည်သူများ၏ ထိခိုက်ဆုံးရှုံးမှုများကို အတတ်နိုင်ဆုံး ဖြည့်ဆည်းထောက်ပံ့ပေးလျက်ရှိကြောင်း အားပေးစကားပြောကြားပြီး ပြည်နယ်ဘေးအန္တရာယ်စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ထောက်ပံ့ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ အသီးသီးရှင်းလင်း ပြောကြားခဲ့ကြသည်။


ထို့နောက် မိသားစုများအတွက် ပြည်နယ်ဝန်ကြီးက ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ် ၁၄ သိန်း၊ ပြည်နယ်ဦးစီးမှူးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှထောက်ပံ့သည့် ထောက်ပံ့ငွေကျပ် ၂၂၀၆၃၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဝိုင်းမော်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ငွေကျပ် ၂ သိန်းကျော် တန်ဖိုးရှိ အိမ်ထောင်စု သုံးကယ်ဆယ်ရေးပစ္စည်းများကို အသီးသီးထောက်ပံ့ပေး အပ်ခဲ့ကြကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)