စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် ကျုံပျော်မြို့ရှိ ကွန်ကရစ်လမ်းသစ် (၂)လမ်းအား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် ကျုံပျော်မြို့ရှိ ကွန်ကရစ်လမ်းသစ် (၂)လမ်းအား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်




MNP - ဒီဇင်ဘာ   ၅


(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆို‌ဂုဏ်ပြုသောအားဖြင့်  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ရှိ ကွန်ကရစ်လမ်းသစ်(၂)လမ်းအား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်က တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ  ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးဘုန်းလွင်တို့သည် နံနက် ၈ နာရီခွဲ အချိန်တွင် အောင်ဆန်းရပ်ကွက်၊ ညောင်ပင်သာ(၁)လမ်းအား  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး လမ်းအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျုံပျော်-ဇနုံးကွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ ဆက်လက် တက်ရောက်ပြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်းနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြား‌ရေးမှူး (မြို့ပြ) ဦးမင်းသိန်းတို့က လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြကာ လမ်းအား ကြည့်ရှု စစ်ဆေးခဲ့ကြသည်။


ယနေ့ဖွင့်လှစ်သော ညောင်ပင်သာ(၁)လမ်း၊ ကွန်ကရစ်လမ်းသစ်သည် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး၊ စုစုပေါင်း အရှည်ပေ (၁၁၅၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မ ဖြစ်ကာ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရှည်ပေ (၉၅၀)ကို ငွေကျပ်သိန်းပေါင်း(၂၃၀) ဖြင့်၎င်း၊ ပြည်သူလူထုမှ အရှည်ပေ(၂၀၀)ကို ငွေကျပ်(၆၂)သိန်းဖြင့်လည်းကောင်း ပူးပေါင်းထည့်ဝင် ဆောင်ရွက်ခဲ့သော လမ်းဖြစ်ကြောင်း သိရသည်။


ကျုံပျော်- ဓနုံးကွင်း ကွန်ကရစ်လမ်းသစ်သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၏၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘက်ဂျက်ရန်ပုံငွေကျပ် (၁၅၉.၇၃) သန်းဖြင့် ဆောင်ရွက်သော လမ်းဖြစ်ပြီး၊ လမ်းအရှည် (၃.၉၃)ဖာလုံကို အကျယ် (၁၂) ပေ၊  ထု (၇)လက်မဖြင့် ဆောင်ရွက်ထားသော လမ်းဖြစ်ကြောင်း၊ အဆိုပါ ကွန်ကရစ်လမ်းသစ်များ ခင်းကျင်း ဆောင်ရွက်ပေးနိုင်မှုကြောင့် ရပ်ကွက်နှင့် ကျေးရွာများမှ ပြည်သူများ သွားလာမှူ အဆင်ပြေပြီး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသထွက်ကုန်ပစ္စည်းများ အတွက် ကူးသန်းရောင်း ဝယ်ရေး လုပ်ငန်းတွင် များစွာ အကျိုးရှိလာပြီ ဖြစ်ကြောင်း သိရသည်။


သတင်း - လပြည့်ဦး


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)