တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်တွင် ဆီနှင့် ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့်‌ ရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်တွင် ဆီနှင့် ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့်‌ ရောင်းချပေး



MNP - ဒီဇင်ဘာ ၄


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ယမန်နေ့နံနက် (၈း၀၀)အချိန်မှစ၍ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ စီမံကိန်း(၂)၊ ဝေနေယျသုခဓမ္မာရုံတွင် အခြေခံစားသောက်ကုန် ဆီနှင့် ကြက်ဥများအား ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထို့သို့ရောင်းချရာတွင် စားဆီတစ်ပိဿာလျှင် ၄၅၀၀ ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၇၅ ကျပ် နှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါရောင်းချမှုတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာဦးစီးဌာန၊ လူမှုကူညီ‌ရေးအသင်းအဖွဲ့များ၊ အမှတ်(၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများမှ ကြီးကြပ်ကွပ်ကဲရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စိုးဝဏ္ဏထွန်း


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)