ရွှေသောင်ယံမြို့တွင် မြို့အဆင့်၊ မြို့အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေသောင်ယံမြို့တွင် မြို့အဆင့်၊ မြို့အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲများ ကျင်းပ

 


MNP - ဒီဇင်ဘာ ၆


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင်၊ မြို့အဆင့် မြို့အုပ်ချုပ်ရေးမှူး ဖလားဘောလုံးပြိုင်ပွဲများကို ဘောလုံးအသင်း (၈)သင်းဖြင့် ပတ်လည်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ရာ ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ အုန်းချောင်းကျေးရွာ ဘောလုံးအားကစားကွင်းတွင် ဖွင့်ပွဲပြုလုပ် ကျင်းပခဲ့ကြောင်း သိရသည်။


ဖွင့်ပွဲတွင် အားကစားအသင်းများ ဖြစ်ကြသော ရွှေသောင်ယံမြို့ပေါ်ရပ်ကွက်များမှ အသင်း (၃)သင်း၊ ကျေးရွာအုပ်စုများမှ အသင်း(၅)သင်း စုစုပေါင်း အသင်း(၈)သင်းတို့မှ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲသို့ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက် နှင့်အတူ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ဘောလုံးအားကစားသမားများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)