မောင်တောခရိုင်၌ ကိုယ်ဝန်ဆောင် မိခင်နှင့် နှစ်နှစ်အောက် ကလေးငယ်များအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဒုတိယသုံးလပတ် ထောက်ပံ့ကြေးငွေများ ပေးအပ်လျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောခရိုင်၌ ကိုယ်ဝန်ဆောင် မိခင်နှင့် နှစ်နှစ်အောက် ကလေးငယ်များအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဒုတိယသုံးလပတ် ထောက်ပံ့ကြေးငွေများ ပေးအပ်လျှက်ရှိ






MNP ၊  ဒီဇင်ဘာ  ၁၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ ကိုယ်ဝန်ဆောင် မိခင်နှင့် နှစ်နှစ်အောက် က လေး ငယ်များအား  အာယာရဖွံ့ဖြိုးစေရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချ ထား ရေး ဝန်ကြီးဌာန မောင်တောခရိုင် လူမှုဝန်ထမ်းရုံးမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်တွင်  ဒုတိယသုံးလပတ် ထောက်ပံ့ငွေ ပေးအပ်ခြင်း ကို ယနေ့ နေ့လယ် ၁ နာရီအချိန် မြို့နယ် ပြည်သူ့ဆေးရုံး အစည်းအဝေး ခန်းမတွင် ရခိုင်တိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်၊ အစ္စလာမ် ဘာသာဝင် ကိုယ်ဝန်ဆောင် မိခင်များ နှင့် နှစ်နှစ် အောက် ကလေးငယ်များအား ထောက်ပံ့ပေး အပ်ခဲ့ကြသည်။ 


ထိုသို့ ထောက်ပံ့ပေးရာတွင် မောင်တောခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူ နိုင်က ကိုယ်ဝန်ဆောင် မိခင်နှင့် နှစ်နှစ်အောက် ကလေးငယ်များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေ များ ပေးအပ်နေသည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် မောင်တောခရိုင် အမျိုး သမီး ရေးရာ အဖွဲ့ ဥက္ကဋ္ဌ  ဒေါ်ခင်စန္ဒာဝင်းက ကိုယ်ဝန်ဆောင် မိခင်နှင့် နှစ်နှစ်အောက် ကလေးငယ်များအား အမျိုးသမီးရေးရာအဖွဲ့မှ ကူညီစောင့်ရှောက်ပေးနေမှု အခြေအနေများ  နှင့် အသိပညာဗဟုသုတများအား အသိ ပညာပေးပြောကြားခဲ့သည်။  ယင်းနောက် မောင်တောခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူ နိုင် နှင့် မောင်တောခရိုင် အမျိုး သမီး ရေးရာ အဖွဲ့ ဥက္ကဋ္ဌ  ဒေါ်ခင်စန္ဒာဝင်း နှင့် တာဝန်ရှိသူများက က ကိုယ်ဝန်ဆောင် မိခင်များ နှင့် နှစ်နှစ် အောက် ကလေးငယ်များအား ထောက်ပံ့ငွေ နှင့်  အမျိုးသမီး ရေးရာ အဖွဲ့မှ ထောက်ပံ့ သော အာဟာရဖြည့်စွက်စာများအား ပေးအပ်ခဲ့ကြပြီး  ကျန်းမာရေး ဝန်ထမ်း များက ကျန်းမာရေး စောင့် ရှောက် မှု များကို လည်း ဆောင်ရွက် ပေးခဲ့ကြသည်။  ထို့သို့ ထောက်ပံ့ရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ် (ဧပြီ ၊မေ ၊ဇူလိုင်)လများအတွက် မောင်တော မြို့နယ်အတွင်း   ကိုယ်ဝန်ဆောင်မိခင် (၁၂၇၂) ဦး၊ အသက်နှစ် နှစ်အောက် ကလေးသူငယ် (၆၅၀၃) ဦး နှင့် ဘူးသီးတောင် မြို့နယ်အတွင်း ကိုယ် ဝန် ဆောင်မိခင် (၁၀၄၃)ဦး၊ အသက်နှစ် နှစ်အောက် ကလေး သူငယ် (၈၈၄၆) ဦး မောင်တော ခရိုင် အတွင်း အကျိူးခံ စားခွင့်ရှိသူ စုစုပေါင်း (၁၇၆၆၄)ဦး အတွက်  တစ်ဦးလျှင် သုံးလစာငွေကျပ် (၄၅၀၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၇၉၄၈၈၀၀၀၀) အား ထောက်ပံ့ ပေး မည် ဖြစ် ကြောင်း သိရသည်။ 


အခမ်းအနားသို့ မောင်တောခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူ နိုင် နှင့် ဝန်ထမ်းများ ၊ မောင်တောခရိုင် အမျိုး သမီး ရေးရာ အဖွဲ့ ဥက္ကဋ္ဌ  ဒေါ်ခင်စန္ဒာဝင်း နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံနှင့် ဝန်ထမ်းများ ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီး ကြပ်ရေး အဖွဲ့ဝင်များ ၊ ကိုယ်ဝန်ဆောင် မိခင်နှင့် နှစ်နှစ်အောက် ကလေးငယ်များအား တက်ရောက် ခဲ့ကြ သည်။ 

   

သက်လွင်စိုး၊ အောင်ကျော်စိန်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)