ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်ရှိ အလိုတော်ပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်ရှိ အလိုတော်ပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားကျင်းပ

 


MNP - ဒီဇင်ဘာ ၄


မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ အလိုတော်ပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၁၃၈၄ ခုနှစ် နတ်တော်လဆန်း ၁၄-၁၅ ရက်၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့များတွင် အလိုတော်ပြည့်ဆရာတော်ကြီးနှင့် ဂေါပကအဖွဲ့များမှ ဦးဆောင်ကာ အလိုတော်ပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ဒီဇင်ဘာ ၅ ရက်နေ့မှစတင်ကာ အရှင်သူမြတ်များမှ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်းများနှင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


အလိုတော်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍အခမ်းအနားဖွင့်လှစ်ခဲ့ပြီး အလိုတော်ပြည့် စာသင်တိုက် မြို့နယ်သံဃနယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်(မဟာသဒ္ဓမဇောတိကဓဇ) ဘဒ္ဒန္တပဏ္ဍိတ ထံမှငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ် တရားတော်နာယူကြသည်။ ဆက်လက်၍ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင့်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်စီမံအဖွဲ့ဝင်များက လှူဖွယ်ဝတ္တုများ ဆက်ကပ်ကြကာအလိုတော်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ အလိုတော်ပြည့်ဘုရားအား (AD-11)ရာစုက ကျန်စစ်သားမင်းကြီးတည်ထား ကိုးကွယ်ခဲ့ကာ ကျန်စစ်သားမင်းမဖြစ်မှီ စစ်သူကြီးတာဝန် ထမ်းဆောင်နေချိန် ထိုအရပ်ဒေသအား သစ္စာအဌထာန်ပြုအောင်မြင်ခဲ့ခြင်းကြောင့် အလိုတော်ပြည့်ဘုရား တည်ထားကိုးကွယ်ခဲ့ကြောင်း သိရသည်။ ဒုတိယအကြိမ်ပြန်လည် ပြုပြင်မွမ်းမံသူမှာ မြန်မာသက္ကရာဇ် ၅၅၆ ခုနှစ်တွင် မင်းဆရာသင်ကြီးငတုတ်သင်မှ ပြန်လည်ပြုပြင်ထားကြောင်း အလိုတော်ပြည့် ဘုရားအဝင် ဘယ်ဘက်ခြမ်းတွင် နံရံဆေးရေးပန်းချီရေးထိုးထားခြင်းများ အရသိရပြီး နှစ်ကာလရှည်ကြာလာသောအခါ ချုံနွယ်၊ မြက်၊ ပေါင်းများ ထူးထပ်ပေါက်ရောက်အုပ် မိုးပေါက်ရောက်နေရာမှ အလိုတော်ပြည့်ဘုရားအား ၁၃၅၄ ခုနှစ် နတ်တော်လပြည့်နေ့တွင် ကျောက်ပန်းတောင်းမြို့၊ ညောင်ဦးမြို့ မဟာအောင်မြေစာသင်တိုက်ကြီး၏ ပဓာန နာယကဆရာတော် မဟာဂန္တာဝါစက ပဏ္ဍိတ ကမ္မဌာနာစရိယ နယ်လှည့်ဓမ္မကထိက နယ်စပ်ဒေသ သာသနာပြုဆရာတော် ဘဒ္ဒန္တအရိယဝံသမထေရ်မြတ်သည် တိမ်မြှုပ်နေသော ရှေးဟောင်းအမွေအနှစ် အလိုတော်ပြည့်မြတ်စွာဘုရားကြီးအား ဆရာတော်မှ ဦးဆောင်ကာ ခြုံနွယ်ပိတ်ပေါင်းများအား အရိယဝံသဆရာတော်ကြီးကိုယ်တိုင် ဦးစီးတော်မူကာ ပတ္တနာဆုအာသီသအဌိဓာန်ပြုကြပြီး ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားပြုလုပ်ခဲ့ကြောင်း ရေးထိုးထားသည့် ကမ္ဗည်းများမှ သိရသည်။


အလိုတော်ပြည့်ဘုရား၏ ထူးခြားအံ့ဩဖွယ်ကောင်းသော ဝိသေသလက္ခဏများ ၁၃၅၄ ခုနှစ်၊ နတ်တော်လပြည့်နေ့ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနေစဉ် ဖူးမြင်ရသူ ဒါယကာ၊ ဒါယိကာမအပေါင်း အံ့ဩလောက်အောင် စေတီတစ်ဆူလုံး ဖြူ၊ နီ၊ ရွှေ၊ ပြာအရောင်အဆင်းအမျိုးမျိုးတို့ဖြင့် ဓာတ်တော်များ စေတီအပေါ် ၁၀ ပေခန့် လျှံတက်ကွန့်မြူးတော်မူခြင်း၊ ဘုရားစေတီအတွင်းသို့ ဖူးမြှော်ဝင်ရောက်သူတိုင်း စိတ်နှစ်လုံးကြည်လင်ပြီး သဒ္ဂါတရားများ ပြင်းပြစွာဖြစ်ပေါ်လာခြင်း၊ အလိုတော်ပြည့်ဘုရားသို့ ဖူးမြှော်ရန်ရောက်ရှိသူတိုင်း ငါးပါးသီလခံယူတည်ဆောက်၍ ဂုဏ်တော်ကိုးပါးပွားများပြီးလျှင် မိမိလိုသောဆုတစ်ပန်ဆင်ပါက အလိုပြည့်ကျောင်း သိရသည်။


စေတီလေးမျိုးဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီတို့တွင် အလိုတော်ပြည့်စေတီသည် သမိုင်းဝင် ဓာတုစေတီဖြစ်ကြောင်း အေဒီ (၁၁)ရာစု ကျန်စစ်သားမင်းကြီးတည်ထား ကိုးကွယ်ခဲ့ကြောင်း ဗိသုကာလက်ရာများမှ တဆင့်သိရှိခဲ့ရကြောင်း စေတီတော်လှိုင်အတွင်း မင်စာအထောက်အထားများ ရှိသည့် အလိုတော်ပြည့်ဘုရားဟူသည် အလိုတော်ပြည့်မြတ်စွာ ဘုရားကြီးဖြစ်ကြောင်း သိရသည်။


သတင်း - ကိုကြေးမုံ ဦးဝင်းထိန်


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)