ပေါင်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းပြုလုပ်





MNP ၊ ဒီဇင်ဘာ  ၉

မွန်ပြည်နယ်၊ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  နှင့် အခြေခံပညာဦးစီးဌာန တို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ဒီဇင်ဘာ(၉) ရက် နံနက်ပိုင်းက (အထက ) ကျွဲခြံကျောင်းလမင်းတစ်ရာခန်းမ ၌ကျင်းပ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အထက ကျွဲခြံကျောင်းအုပ်ကြီး ဒေါ်မြတ်မြတ်မိုး က အမှာစကား ပြောကြားပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းမှ သင်ကြားပေး သည့်  ပညာရပ်များ အပြင် စာအုပ်၊စာပေ လေ့လာခြင်းအားဖြင့် အသိပညာများ ဖွံ့ဖြိုးလာ၍ အမှား၊ အမှန် ဝေဖန်ပိုင်းခြားလာနိုင်ပြီး ၊ မိမိပတ်ဝန်း ကျင်အား အကျိုးပြုနိုင်မည့် လူငယ်များဖြစ်လာမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။


ဆက်လက်၍ (အထက) ကျွဲခြံကျောင်း မှ ကျောင်းသား မောင်စွမ်းရည်ပိုင်၊ မောင်သက်ပိုင်ဦး၊ ကျောင်းသူ မဇင်မီမီကို၊မရတနာဦးတို့က ၎င်းတို့ ဖတ်ရှုလေ့လာထားသည့် စာပေရေးရာ အသိပညာများ အားဆွေးနွေးကြရာ တက်ရောက်လာကြသောကျောင်းသားကျောင်းသူများက သိလိုသည်များကိုမေးမြန်း ဆွေးနွေးရာ စာပေဝါသနာရှင်များမှ ပြန်လည်ဖြေကြားခဲ့ပြီးဆရာမဒေါ် ကြည်ကြည်ဝေကကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။


အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ် စကားဝိုင်း ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ အထက-‌ကျွဲခြံကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ကျောင်းသားကျောင်းသူများစုစုပေါင်းအင်အား(၂၅၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)