မရမ်းကုန်းမြို့နယ်၌ ရှေးဦးပြုစုနည်း (အခြေခံ) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မရမ်းကုန်းမြို့နယ်၌ ရှေးဦးပြုစုနည်း (အခြေခံ) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

 



MNP - ဒီဇင်ဘာ ၅


ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ကလေးဝတောရဘုန်းတော်ကြီးကျောင်းခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ရှေးဦးပြုစုနည်း (အခြေခံ)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပခဲ့သည်။


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်မီုးကြည်က အဖွင့်အမှာစကားပြောကြားပြီး ရှေးဦးပြုစုနည်း (အခြေခံ) သင်တန်း အမှတ်စဉ် (၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇)တို့တွင် တက်ရောက်သင်ကြားခဲ့ပြီး ထူးချွန်ဆုရရှိခဲ့သည့်သင်တန်းသား၊ သင်တန်းသူများအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းတက်ရောက်သူများအတွက် သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများကချီးမြှင့်ခဲ့သည်။ ထို့နောက်အလှူရှင်များအား ဂုဏ်ပြုလွှာများပြန်လည်ပေးအပ်ခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲမှူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး၊ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ နည်းပြဆရာများ၊ တပ်ဖွဲ့ဝင်များနှင့်သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၁၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - အေးအေးအောင်


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)