မလှိုင်မြို့နယ် ရွာတန်းရှည်ကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မလှိုင်မြို့နယ် ရွာတန်းရှည်ကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ဆွေးနွေး



MNP - ဒီဇင်ဘာ ၄


မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်  လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝမ္ဘဲလူးကျေးရွာ အုပ်စု၊ ရွာတန်းရှည်ကျေးရွာ ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်က ဒေသခံပြည်သူများနှင့်  လာရောက်တွေ့ဆုံရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြည်သူများအတွက် အမှန်တကယ် လိုအပ်သည့် ဒေသဖွံ့ဖြိုးရေးကိစ္စများနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပေးရန် ပြောကြားခဲ့သည်။ ထို့နောက် အဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးသန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်း စဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက် လာသော ဒေသခံပြည်သူ(၃)ဦးတို့မှ ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တကယ် လိုအပ်သည့် လမ်းရရှိရေးကဏ္ဍ(၃)ခု၊ စိုက်ပျိုးရေးကဏ္ဍ(၁)ခု၊ ကျန်းမာရေးကဏ္ဍ(၁)ခု၊ မြေနေရာအမည်ပေါက် ပြောင်းလဲနိုင်ရေးကဏ္ဍ(၁)ခု၊ 

စုစုပေါင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် လိုအပ်သည့် လုပ်ငန်း(၆)ခုအား ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြား ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (မြို့နယ်ဦးစီးမှူးရုံး)မှ နိုင်ငံသား စိစစ်ရေးကဒ်အသစ် (၃)ဦး ပြုလုပ်ပေးခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကာယကံရှင်များထံသို့ ပေးအပ်ခဲ့သည်။ 


ဆက်လက်၍ အခမ်းအနား တက်ရောက်လာသူ ဒေသခံပြည်သူ ( ၁၅ဝ ) ဦးအနက် ( ၁၃၅ ) ဦးတို့အား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster) ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။


သတင်း -အောင်ဌေး


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)