ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်



MNP - ဒီဇင်ဘာ ၄


အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မသန်စွမ်းသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် မြန်မာ့လူ့ဘောင်အဖွဲ့ အစည်းအတွင်းရှိ မသန်စွမ်းသူများ၏ ဘဝအရည်အသွေးပိုမိုဖွံ့ဖြိုးလာစေရန်၊ အများပြည်သူနည်းတူ တန်းတူညီမျှ အခွင့်အရေးရရှိရေး ကြိုးပမ်းဖော်ဆောင်ရန် ၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်တို့ကို အလေးဂရုပြုတတ်စေရန်ရည်ရွယ်၍ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်းများ ရေးဆွဲပြီးအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အနေဖြင့် မသန်စွမ်းသူများကို နှစ်စဉ်ငွေကြေးများ ထောက်ပံ့ခြင်း၊ ချိုင်းထောက်၊ လက်ထောက်၊ ခြေတုနှင့် ဝီးချဲများထောက်ပံ့ပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးအတွက် အသက်မွေးဝမ်းကြောင်း ပညာသင်တန်းများ တက်ရောက်စေပြီး စက်မှုဇုံစီမံခန့်ခွဲရေး ကော်မတီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ပြည်တွင်းပြည်ပ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ သက်ဆိုင်ရာဌာနများက စေတနာ့ဝန်ထမ်းအဖွဲ့များ၊ မသန်စွမ်းသူ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ Video Clip နှင့် ကုလသမဂ္ဂ၏ သဝဏ်လွှာ Video Clip များကို ကြည့်ရှုခဲ့ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများဖြစ်သည့် မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ သံပြားပစ်၊ သံလုံးပစ်၊ လှံတံပစ်၊  ကြက်တောင်ရိုက်နှင့်  ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ပေး အပ်ခဲ့ကြသည်။


၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရရှိသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ် ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)